SJ WorldNews - шаблон joomla Авто

တီးတိန်မြို့၌ ရိုးရာခွာဒိုပွဲတော် စည်ကားစွာ ကျင်းပမည်

Wednesday, 11 September 2019 13:33 font size decrease font size decrease font size increase font size increase font size

မြန်မာတို့၏သီတင်းကျွတ်ရာသီတွင် နှစ်စဉ်နှစ်တိုင်းရိုးရာအစဉ်အလာမပြတ် ကျင်းပလေ့ရှိသော ချင်းတိုင်းရင်းသားဇိုမီး မျိုးနွယ်စု၏   ရိုးရာခွာဒိုပွဲ (၂ဝ၁၉)ကို အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တွင် ချင်းပြည်နယ်  တီးတိန်မြို့  စကောလမ်း

ရပ်ကွက် ကမ်းဟောက်ခန်းမနှင့် ဘောလုံးကွင်း၌ စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဆွောင်ဇနန်ထံမှ သိရသည်။

အဆိုပါ ရိုးရာခွာဒိုပွဲတွင် ရိုးရာဓလေ့ ဖြစ်သည့် ပျားအုံဖွပ်၍သယ်ဆောင်ခြင်း၊ ထင်းရှူးဆီမီးထွန်းညှိခြင်း၊ မီးရှူးမီးပန်း ဖောက်ခြင်း၊ ရိုးရာတူမီးသေနတ်ပစ်ဖောက်ခြင်း၊ ရိုးရာစုပေါင်းမီးပုံပွဲ အကဖြင့် ဆင်နွှဲခြင်း၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ရိုးရာအစားအစာများ ရောင်းချခြင်း၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ကာယအလှမယ်ရွေးပွဲများ၊ ရိုးရာယဉ်ကျေးမှု အကပဒေသာနှင့် အတီးအမှုတ်များ၊ ခေတ်ပေါ်တေးဂီတအစီအစဉ်များ၊ ရိုးရာအား ကစားပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများ ကျင်းပမည် ဖြစ်ရာ ရပ်နီးရပ်ဝေးမှ ပြည်သူများ ပါဝင်ဆင်နွှဲနိုင်ရန် နှိုးဆော်ဖိတ်ကြားထားကြောင်း သိရသည်။

ခွာဒိုပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ အထူးသဖြင့် တစ်နှစ်တာ တောင်ယာလုပ်ငန်းပြီးဆုံး၍ နှစ်ဟောင်းကို နှုတ်ဆက်ပြီး အောင်မြင်မှုအတွက်   နှစ်သစ်ကိုကြိုဆိုသောပွဲ သို့မဟုတ် တစ်နှစ်တာအတွက် ဝမ်းစာ စုဆောင်းပြီး အောင်ပွဲခံသည့် နေ့ထူးနေ့မြတ်ပွဲတော်ဖြစ်သည်။ သို့သော် ချင်းတိုင်းရင်းသားများတွင် မျိုးနွယ်စုကွဲများစွာရှိ

သည့်အတွက်ရိုးရာခွာဒိုပွဲတော်ကို ကျင်းပပုံများလည်း မတူညီကြပေ။ နေရာဒေသအလိုက်  အမျိုးမျိုးခေါ်ဝေါ်သုံးစွဲပြုလုပ် ကြသော်လည်း ခွာဒိုပွဲ၏အနှစ်သာရမှာ သီးနှံများရိတ်သိမ်းပွဲ၊  ကောက်သစ်စားပွဲ၊ နှစ်သစ်ကူးပွဲ၊   မကောင်းဆိုးဝါးများနှင့် ထုတ်သန့်ရှင်းစေပြီး ကောင်းချီးမင်္ဂလာများကို ကြိုဆို၍ ကျေးဇူးတော်ချီးမွမ်းပွဲနှင့်

ပူဇော်ပသပွဲများပင်ဖြစ်သည်။

ရိုးရာခွာဒိုပွဲတော်ကို တီးတိန်၊ တွန်းဇံမျိုးနွယ်စုများက ခွာဒိုပွဲဟူ၍လည်းကောင်း၊ ဟားခါးမျိုးနွယ်စုများက ထိုပွဲဟူ၍လည်း

ကောင်း၊ ထန်တလန်မျိုးနွယ်စုများက ထလိုင်ထာရ်ပွဲဟူ၍လည်းကောင်း၊ ဖလမ်းမျိုးနွယ်စုများက ဖာန်းအဲရ်၊ ဒေါင်းပွီး၊ ကုခ်၊ ထို၊ ထလိုင်ထာရ်ပွဲဟူ၍လည်းကောင်း၊ မတူပီမျိုးနွယ်စုများက    စပ်ယိုးမ်ပွဲဟူ၍လည်းကောင်း၊ ကန်ပက်လက်မျိုးနွယ်စုများက နာမ်းဘွေးပွဲဟူ၍ လည်းကောင်း၊ မင်းတပ်မျိုးနွယ်စု များက ကုန်ကြီပွဲဟူ၍လည်းကောင်း၊ ထာဒိုနှင့်မီဇိုးမျိုးနွယ်စုများက ကြတ်ကြာကွတ်ပွဲဟူ၍လည်းကောင်း ဒေသအလိုက်အသီးသီး ခေါ်ဝေါ်ကြကြောင်း သိရသည်။ထယ်လ်ဏ

Read 10 times Last modified on Wednesday, 11 September 2019 13:34