SJ WorldNews - шаблон joomla Авто

ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်လှစ်

Wednesday, 11 September 2019 13:34 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်  ဌာနတွင်း ဝန်ထမ်းများ  လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထို့နောက် မြစ်ကြီးနားခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးအောင်မျိုးဝင်းက စိုက်ပျိုးရေးဦးစီးဌာနရှိ အောက်ခြေဝန်ထမ်းများသည်  တောင်သူများအား ထိရောက်သော စိုက်ပျိုးရေးနည်းစနစ်များကို ဖြန့်ဝေပေးရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိထားရန်  လိုအပ်ကြောင်း၊  ထို့ကြောင့် လိုအပ်သည့် ဘာသာရပ်များကို စာတွေ့ လက်တွေ့ လေ့ကျင့် ဆွေးနွေးမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါ ဌာနတွင်း ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး  သင်တန်းကို စက်တင်ဘာ ၁ဝ ရက်အထိ  ဖွင့်လှစ်၍ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စပါးမျိုးစေ့ထုတ်လုပ်ခြင်း၊ စပါးအထူးအထွက်တိုးနည်းစနစ်၊  ဘက်စုံပိုးမွှားကာကွယ်ရေးနည်းစနစ်၊ စပါးတွင် ကျရောက်တတ်သည့်ပိုးမွှား၊ ရောဂါများနှင့် ကာကွယ်နည်းစနစ်များ၊  စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို  စာတွေ့ လေ့ကျင့်ဆွေးနွေးသွားမည်ဖြစ်ကာ  မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်တို့ရှိ မိုးစပါးစံပြကွက်၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ပလနကျေးရွာရှိ GAP စနစ်ဖြင့်စိုက်ပျိုးထားသည့်  သရက်ခြံများသို့  လက်တွေ့ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

သင်တန်းသို့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်တို့မှ ဌာနတွင်းဝန်ထမ်း ၇ဝ ဦးတက်ရောက်ကြောင်း သိရသည်။

Read 10 times Last modified on Wednesday, 11 September 2019 13:35