SJ WorldNews - шаблон joomla Авто

ရန်ကုန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်(၁)၌ မီးလောင်ကျွမ်းမှုဖြစ် Level 4 အဆင့် ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရ

Wednesday, 11 September 2019 13:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ  ၁ဝ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်(၁)၌ ယနေ့ည ၇ နာရီ မိနစ် ၅ဝ တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (ဌာနချုပ်)မှ   ကနဦးသတင်းအရ  သိရသည်။

အဆိုပါမီးလောင်ရာနေရာသို့ ည ၇ နာရီ ၆ မိနစ်တွင် Level 2 အဆင့် ယာဉ်အုပ်စုဖြင့် ထွက်ခွာခဲ့သော်လည်း မီးအခြေအနေ များပြားခြင်းကြောင့် ည ၇ နာရီခွဲခန့်တွင် Level 3 အဆင့်ယာဉ်အုပ်စုဖြင့်လည်းကောင်း၊ ည ၇ နာရီ မိနစ် ၅ဝ ခန့်တွင် Level 4 အဆင့်ယာဉ်အုပ်စုဖြင့်လည်းကောင်း ငြှိမ်းသတ်ခဲ့ရသည်။ ည ၉ နာရီ မိနစ် ၄ဝ ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁ဝ နာရီ ၃၅ မိနစ်ခန့်တွင်  မီးငြှိမ်းနိုင်ခဲ့ကြောင်း  မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

''မီးသတ်ကားတွေကတော့ အများကြီးပဲ။ အစီး ၅ဝ ကျော်လောက်တော့ အနည်းဆုံးရှိမယ်။ ည ၉ နာရီကျော်လောက်အထိကို သွားနေတာတွေ့ရပါတယ်။ မီးအခြေအနေက တော်တော်ကြီးတယ်။ အခြေအနေ သွားကြည့်ပြီးပြန်လာကြတာ''ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ်မြို့တော် အိမ်ရာတိုက်ခန်း၌ နေထိုင်သော ကိုကျော်စိုးနိုင်က ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် စက်ရုံမှာ ဖယောင်းစက်ရုံ နှင့်ခေါင်းလျှော်ရည်စက်ရုံတို့ဖြစ်ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 15 times Last modified on Wednesday, 11 September 2019 13:37