SJ WorldNews - шаблон joomla Авто

ဆင်ဖြူကျွန်းမြို့၌ ကျောင်းကျန်းမာရေးပညာပေးဟောပြောပွဲနှင့် သန်ချဆေးတိုက်ကျွေးခြင်းဆောင်ရွက်

Thursday, 12 September 2019 12:08 font size decrease font size decrease font size increase font size increase font size

ဆင်ဖြူကျွန်း၊ ကျန်းမာရေး

မကွေးတိုင်း ဒေသကြီး   မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့  မိခင်နှင့်ကလေးကျန်းမာ ရေးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်း ၍ အနာဂတ် ရင်သွေးငယ်များဘ၀ တိုးတက် မြင့်မားရေး ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို  စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဆင်ဖြူ ကျွန်းမြို့ ပြည်စိုးကုန်း အခြေခံ ပညာအထက် တန်းကျောင်း ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သွင်က အမှာစကား ပြောကြားပြီး ဆင်ဖြူကျွန်းမြို့   မိခင်နှင့် ကလေး ဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ခင်မြင့်က ဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက် နှင့် HIV/AIDS ရောဂါနှင့် ပတ်သက်သည့်  သိကောင်းစရာများ၊ သန်ကောင်၊ တုတ်ကောင် အမျိုးအစားများနှင့် ရောဂါလက်္ခဏာများ ကြိုတင် ကာကွယ်ရေး နည်းလမ်းများကို ရှင်းလင်း ဟောပြောသည်။

ထို့နောက် သားဖွားဆရာမ ဒေါ်ပြည့် ဖြိုးကြွယ်နှင့် ဒေါ်မေဇင်အောင်တို့က တီဘီရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါ၊ တစ်ကိုယ် ရည်သန့်ရှင်းစွာ နေထိုင်ရေး၊    ဆေးလိပ် သောက်ခြင်း၏ဆိုးကျိုးများ၊    သန့်ရှင်း လတ်ဆတ်သော အစား အစာ  စနစ်တကျ စားသုံးရန်၊ ရာသီတုပ်ကွေး ရောဂါ၊ ဆင်တုပ်  ကွေးရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများ အကြောင်း နှင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးဟောပြော သည်။

ယင်းနောက် ဆင်ဖြူကျွန်းမြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ    အမျိုးသမီး ကျန်းမာရေးဆရာမနှင့် သားဖွားဆရာမ တို့က ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာ ရေးစစ်ဆေးခြင်း၊ အသက်နှစ်နှစ်နှင့်အထက် ကျောင်းသား၊  ကျောင်းသူ ၇၁၃ ဦးအား သန်ချဆေးတိုက်ကျွေးခြင်းနှင့် ကျောင်းပတ် ၀န်းကျင်သန့်ရှင်းရေး၊  ရေအိုး၊  ရေကန်၊  ပန်းအိုး များအတွင်း  ပိုးလောက်လမ်းများ ခိုအောင်းခြင်းရှိ၊ မရှိ စစ်ဆေး ကြည့်ရှုကြ ကြောင်း သိရသည်။     

စိုးမိုးသူ(စလင်း)

Read 6 times Last modified on Thursday, 12 September 2019 12:09