SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီး၌ ရောင်းချနေသော ငါးပုစွန်များတွင် ဖော်မလင်ပါဝင်မှု မရှိစေရေး စစ်ဆေးမည်

Thursday, 12 September 2019 13:53 font size decrease font size decrease font size increase font size increase font size

ပြည်ပမှ   တင်သွင်းလာသည့်   ငါးပုစွန်များတွင် ဖော်မလင်ပါဝင်မှုမရှိစေရေး စစ်ဆေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး   ရှိ ဈေးများ၌လည်း ငါးလုပ်ငန်းဦးစီးဌာန အပါအဝင်   ဆက်စပ်အဖွဲ့အစည်းများ    ပူးပေါင်း၍     စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး  ငါးလုပ်ငန်းဦးစီး ဌာန  ဒုတိယတိုင်းဦးစီးမှူး   ဦးလှဌေး၏ပြောဆိုချက်အရ သိရသည်။

''ထိုင်းနိုင်ငံကနေ မြဝတီလမ်းကြောင်းက တစ်ဆင့် တင်သွင်းလာတဲ့ ငါးပုစွန်တွေကို စက်တင်ဘာ    ရက်က  မွန်ပြည်နယ် မော်လမြိုင်ဈေးမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဝင်ရောက်စစ်ဆေးပါတယ်။   အဲဒီမှာ  ဖော်မလင်သုံးထားတဲ့ ငါးပိဿာချိန် ၁၈ဝ  သိမ်းဆည်းရမိပါတယ်။ မကြာမီ  ရန်ကုန် မှာလည်း  စစ်ဆေးမှာပါ။  ရန်ကုန်က နောက်ဆုံးဖြစ်နေတယ်။ စပြီးဖြတ်တာက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း ဒေသကြီးဆိုတော့ ရန်ကုန်ကိုဝင်ဖို့နေရာတွေ အများကြီးရှိတဲ့အတွက် ကျွန်တော် တို့အနေနဲ့ ဌာနတစ်ခုတည်း စစ်လို့မဖြစ် ပါဘူး။  မြန်မာနိုင်ငံရဲတပ်ဖွဲ့ FDA ပူးပေါင်းပြီး   ညှိနှိုင်းဆောင်ရွက်ရမှာပါ'' ဟု ဦးလှဌေးကပြောသည်။

ထိုင်းနိုင်ငံမှ  တင်သွင်းလာသည့်  ငါး ပုစွန်များသည်  ဈေးနှုန်းသက်သာသော် လည်း တာရှည်အထားခံရန်  ဖော်မလင် သုံးထားခြင်း၊ မွေးမြူရာတွင်လည်း ကြီးထွား စေရန်    ဓာတုဆေးများအသုံးပြုခြင်းတို့ ကြောင့် စားသုံးသူများအတွက်  ဆိုးကျိုး များသက်ရောက်စေနိုင်ကြောင်း သိရသည်။

မော်လမြိုင်မြို့ရှိ    ငါးပုစွန်ဒိုင်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် ထိုင်း နိုင်ငံမှ တင်သွင်းလာသည့်   ငါးပုစွန်မျိုးစုံ ရောင်းချနေသော ငါးပုစွန်ဒိုင် ၁၅ ခုမှ သံသယရှိသည့် နမူနာ ၁၃ မျိုးကို ဓာတ်ခွဲ စစ်ဆေးရာ  ငါးပုစွန်ဒိုင်တချို့တွင်  ငါး အမယ်အားလုံး   တာရှည်ခံဖော်မလင် ထည့်သွင်းသုံးစွဲထားသည်ကို    တွေ့ရှိရ ကြောင်း၊ ရောင်းချသည့်ဆိုင်ရှင်ကို ခံဝန် ကတိရေးထိုးစေခဲ့ပြီး   စားသုံးရန်မသင့် သည့်  ငါးနှပ်ပိဿာချိန်  ၁၈ဝ   ကို သိမ်းဆည်းကာ မုယောင်းအမှိုက်ကျင်းသို့ ပို့ဆောင်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖော်မလင်သည်   တာရှည်ခံပိုးသတ် ဆေးတစ်မျိုးဖြစ်ပြီး   ဖော်မလင်ပါသည့် အစားအသောက်ကို    စားသုံးမိပါက ကျောက်ကပ်၊  အသည်း၊  အစာအိမ်နှင့် အဆုတ်ရောဂါ၊ ကင်ဆာရောဂါ၊ အသည်း ခြောက်ခြင်း၊   သွေးအားနည်းခြင်းနှင့် သွေးကင်ဆာတို့ဖြစ်နိုင်သည့်အပြင် ကိုယ် ဝန်ဆောင်နှင့်  ကလေးငယ်များအတွက် ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း    သိရ သည်။                        ဆုလာဘ်

Read 20 times