SJ WorldNews - шаблон joomla Авто

မင်းလှမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ စာသင်ကျောင်းများ ယာယီပိတ်ထား

Thursday, 12 September 2019 13:59 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ စက်တင်ဘာ ၁ဝ ရက်ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ  ဖြစ်ပေါ်နေသဖြင့် စာသင်ကျောင်းများ ယာယီပိတ်ထားကြောင်း သိရသည်။

အဆိုပါ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းလှမြို့ချောင်းလမ်း လက်ဆက်အုပ်စု စိန်ကန့်လန့်ရွာအနီး မိုင်တိုင်အမှတ်(၁/၄)နှင့်(၁/၅)အကြားတွင် ရေအနက်အနိမ့်ဆုံး ၆ လက်မမှ အမြင့်ဆုံး ၁ ပေခွဲခန့်ထိ ကားလမ်းရေကျော်ခြင်း၊ ရန်ကုန်-ပြည်ကားလမ်းတွင်  ရေကျော်ခြင်း၊ အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်း၊  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်း၊    အခြေခံပညာ

အလယ်တန်းကျောင်း(ခွဲ)  တစ်ကျောင်း၊ အခြေခံပညာ   မူလတန်းလွန်ကျောင်း နှစ်ကျောင်း၊   အခြေခံမူလတန်းကျောင်းရှစ်ကျောင်း စုစုပေါင်းစာသင်ကျောင်း ၁၅ ကျောင်းယာယီပိတ်ထားကြောင်း ကျောင်းရွာအုပ်စု ဝီရာကျွန်း ကုန်းချောင်းတံတားနှင့်ကျွဲမကိုင်းတံတားတို့မျောပါပျက်စီးပြီး ကျေးရွာအုပ်စုများအတွင်း  ရေများဝင်ရောက်ပြီး စိုက်ခင်းများရေဝင်၍  သီးနှံပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ကားလမ်းမများတွင် ရေကျော်နေသောနေရာများ၌  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှတပ်မတော်သားများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများက ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကံတင်ဘီးလင်းဆည် မိုးရေချိန်စခန်းမှတိုင်းတာချက်အရ မိုးရေချိန် ၄ ဒသမ ၁၇ လက်မ မိုးရွာသွန်းမှုကြောင့် ယခုအချိန်တွင် ရေပိုလွှဲမှ ၃ ဒသမ ၄ ပေ ကျော်လွန်မှု ရှိနေကြောင်း မင်းလှမြို့ ဆည်မြောင်းဦးစီးဌာနမှ သိရသည်။       ပေါက်စ(မင်းလှ)

Read 39 times Last modified on Thursday, 12 September 2019 14:01