SJ WorldNews - шаблон joomla Авто

မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

Thursday, 12 September 2019 14:01 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာမြို့၌ သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ်     မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဒုတိယနေ့ကို စက်တင်ဘာ ၁ဝ ရက်နံနက်ပိုင်းက ဆက်လက်ကျင်းပသည်။

''ဒီနှစ်မြန်မာ့ရိုး ရာလောင်းလှေပြိုင်ပွဲမှာ ပြိုင်ပွဲလှေအသင်းတွေများတယ်။ ပြိုင်ပွဲဝင်လှေ အသင်းအသစ်တွေ ပါတယ်ဆိုလို့လည်း လှေပွဲကြည့်ရမှာ   ပိုပြီးတော့ စိတ်ဝင်စားတယ်။ နှစ်စဉ်နှစ်တိုင်းလည်း  ဖောင်တော်ဦးဘုရားပွဲက  လှေပြိုင်ပွဲကို မလွတ်စတမ်းလာကြည့်ပါတယ်။ အိမ်က ကလေးတွေတော့ ဘုရားပွဲလည်ရင်းနဲ့တော်သလင်းလပြည့်နေ့ကျမှ လှေပွဲကိုလာကြည့်မှာဖြစ်ပါတယ်''ဟု ညောင်ကိုင်းကျေးရွာမှ လှေပြိုင်ပွဲလာရောက် ကြည့်ရှုအားပေးသူ   ဦးအောင်ကြိုင်က ပြောသည်။

အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဒုတိယနေ့တွင် ဝါးတန်းအောင်ခန့်၊ မြင်းခြံ၊ ဗိုလ်ကံသန်းစော၊ ကြိုက်တိုင်းလှော်၊ ရင်သွေးငယ်၊ မြစ်ဆုံလူယ်၊  နွားစမ်းတောင်(ခ)၊ လူးခင်းကြီး၊ ဇာတိသွေး(ခ)၊ ရွှေခြံလူငယ်၊ တက်သစ်မာန်၊ စတားမောင်မောင်၊ နွားစမ်းတောင်(က)၊ ကွက်သစ်လူငယ်၊ တက်သစ်စ (ခ)၊ တက်သစ်စ(ခ)၊  ရင်သွေးငယ်(က)၊ ထီလာဆား၊ မိုက်မိုက်ကန်းကန်း  စသည့် လှေအသင်းများ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)

Read 35 times Last modified on Thursday, 12 September 2019 14:01