SJ WorldNews - шаблон joomla Авто

အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး တို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံ

Thursday, 12 September 2019 14:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၁

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးဆောင်သည့် အာဆီယံ(၉)နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ   ကိုယ်စားလှယ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁ဝ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့   လေကြောင်းခရီးဖြင့် ရောက်ရှိရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး မင်းသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ယင်းနေ့ညနေပိုင်းတွင် ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ဟိန္ဒူမိသားစု ၁၁ ဦးအား စစ်တွေမြို့ရှိ ပြည်နယ်အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာ၌ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ ၏ မေးမြန်းမှုများနှင့် ပတ်သက်၍ဟိန္ဒူမိသားစုများက ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်း ၄င်းတို့၏မိသားစုဝင်များ  ဆုံးရှုံးခဲ့ရမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ယူခံခဲ့ရမှု အခြေအနေ၊ အိန္ဒိယအစိုးရနှင့်  ရခိုင်ပြည်နယ်မှ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဦးတို့၏ အကြောင်းကြားပေးမှုဖြင့် မြန်မာအစိုးရက ၄င်းတို့အား ၂ဝ၁၇ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ခေါ်ယူခဲ့မှုအခြေအနေ၊ ၄င်းတို့အား ဖမ်းဆီးမိပါက  သတ်ဖြတ်မည်ဟု ARSA မှ   ခြိမ်းခြောက်မှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာပြီးနောက် နေထိုင်ရသည်မှာ    လုံခြုံစိတ်ချရမှုအခြေအနေ၊ မောင်တောမြို့၌ ပြန်လည်အခြေချနေထိုင်လိုမှုနှင့်   အသက်ရှင်ရပ်တည်နိုင်ရေးနှင့်   အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်လိုမှုအခြေအနေ၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(NVC)  ကိုင်ဆောင်ထားရှိမှု အခြေအနေတို့နှင့်  စပ်လျဉ်း၍ ပြန်လည် ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ၄င်း တို့အတွက် နိုင်ငံတော်အစိုးရနှင့် ကုမ္ပဏီ များပူးပေါင်းပြီး မောင်တောမြို့တွင် နေအိမ် များ ဆောက်လုပ်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီ မောင်တောမြို့သို့ ပြောင်းရွှေ့ပေးရန် စီစဉ်ထားရှိကြောင်း၊ အသက်မွေးဝမ်း ကျောင်းအတွက် အလုပ်အကိုင်များ ဖန်တီး ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ် ခွင့်ခံရမည့်သူ၏ သက်သေခံကတ်ပြားများ (NVC) ရရှိနိုင်ရေးနှင့် နိုင်ငံသား လျှောက် ထားမှုလုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ များနှင့်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါကိုယ်စား လှယ်အဖွဲ့သည် တစ်ဖက်နိုင်ငံမှ မိမိအစီ အစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် မွတ်စလင်မိသားစုဝင် ၁ဝ ဦးအား စစ်တွေ မြို့ရှိ ပြည်နယ်အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ အာဆီယံနှင့် အိမ် နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊  ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များ၏

မေးမြန်းချက်များနှင့်စပ်လျဉ်း၍ ၄င်းမိသားစု များက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း၌ နေထိုင်ခဲ့စဉ်က ARSA အဖွဲ့၏ ခြိမ်းခြောက် ခံခဲ့ရကြောင်း၊ ၄င်းတို့၏ ရက်စက်ကြမ်း ကြုတ်မှုများကိုလည်း သိရှိခဲ့ရကြောင်း၊ သားသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် နေထိုင်စားသောက်ရေးအခက်အခဲများကြောင့် မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည် ဝင်ရောက်လာရာတွင်   မြန်မာအစိုးရမှ မြန်မာဘက်တွင်နေထိုင်ခဲ့သည့် အထောက် အထားနှင့် အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းရှိ၊ မရှိ ဆိုသည့် အချက်နှစ်ခုကိုသာ အဓိကစိစစ်ခဲ့ကြောင်း၊ တစ်ဖက် နိုင်ငံရှိစခန်းများတွင် လက်ရှိနေထိုင်လျက် ရှိသူများအနေဖြင့် ဗျွှဗ ၏ အကြမ်းဖက် မှုများနှင့် ခြိမ်းခြောက်မှုများ ဆက်လက် ခံစားနေရကြောင်း၊ မူလနေရပ်သို့ ပြန်လည် သွားရောက်လုပ်ကိုင်လိုသော်လည်း ARSA ၏ ခြိမ်းခြောက်မှုအန္တရာယ်ကြောင့် သွားရောက်နိုင်မှုမရှိသေး ကြောင်းအပါအဝင် တစ်ဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ၄င်းတို့၏ ဆွေမျိုးသားချင်း များအနေဖြင့်   မူလနေရပ်သို့ပြန်လာ၍ အခြေချနေထိုင်လိုသော်လည်း ARSA၏ ခြိမ်းခြောက်မှုနှင့် လွှမ်းမိုးမှုကြောင့် ပြန်လာ နိုင်ခြင်းမရှိသည့်အခြေအနေ၊VCကတ် ရရှိရေးဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ ဠြဃ ကတ် ကိုင်ဆောင်ထားမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ¤င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည့်အခြေအနေများကို    ဆွေးနွေးခဲ့ကြသည်။

ထို့နောက်    ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက   မြန်မာနှင့်  ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံသဘော တူညီချက်အရ ပြန်လည်ဝင်ရောက်လိုသူ ၂ဝဝဝဝ ကျော်အနက် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲစခန်းမှ တစ်ဆင့် မိသားစုဝင်ခြောက်ဦး ထပ်မံ၍ ပြန်လည်ဝင်ရောက်လာခဲ့မှု၊   ၄င်းတို့၏ စားဝတ်နေရေးအတွက် စီစဉ်ပေးထားမှုနှင့်  ယာယီနေရာချထားပြီးပါက မူလနေထိုင် ခဲ့သည့်နေရာ သို့မဟုတ် ၄င်းနှင့်အနီးဆုံး နေရာတွင် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးခင် မောင်တင်က ယခုကဲ့သို့ လာရောက်တွေ့ဆုံ  မေးမြန်းပေးသည့် အာဆီယံနှင့် အိမ်နီးချင်း နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးတို့မှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ကြောင်း၊  နှစ်နိုင်ငံသဘော တူညီချက်နှင့် ဆောင်ရွက်သည့်အခါတွင် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ နှင့်သက်ဆိုင်သည့်ြ အဖွဲ့အစည်းများ ကလည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း နိဂုံးချုပ် ပြောကြားခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်း တွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

Read 12 times Last modified on Thursday, 12 September 2019 14:11