SJ WorldNews - шаблон joomla Авто

ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ သုံးသိန်းကျော် စိုက်ထည့်

Friday, 13 September 2019 10:30 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး    နန်းထိုက်သူ ဟိုတယ်ရှေ့ ဧရာဝတီမြစ်ကမ်းစပ်၌ မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကျင်းပသည်။

မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးလုပ်ငန်းများ   ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတများ လျော့နည်းပပျောက်ခြင်းမှ ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ ဒေသတွင်းငါးစားသုံးမှုနှင့် ငါးထုတ်လုပ်မှု တိုးတက်စေရန်ရည်ရွယ်၍ သဘာဝရေပြင်များ၊ ဆည်ရေလှောင်တမံများ၊ ကျေးလက်ဖွံ့ဖြိုးရေးကန်များနှင့် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါငါးမျိုးစိုက်ထည့်ပွဲတွင် မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်/မြို့နယ်စခန်းများရှိ ဝန်ထမ်းများက ငါးမြစ်ချင်း သားပေါက်ကောင်ရေ နှစ်သိန်းကျော်နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေတစ်သိန်းကျော် စုစုပေါင်း ငါးသားပေါက်ကောင်ရေ သုံးသိန်းကျော်အား ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပေးကြောင်း သိရသည်။                    သန်းနိုင်ဦး(ငဖဲ)

Read 5 times Last modified on Friday, 13 September 2019 10:31