SJ WorldNews - шаблон joomla Авто

ချောင်းဦးမြို့ ၌ စာဖတ်ဝိုင်း ကျင်းပ

Friday, 13 September 2019 10:32 font size decrease font size decrease font size increase font size increase font size

မုံရွာခရိုင်ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာစာချစ်မြတ်နိုးသူများအဖွဲ့တို့မှ ဦးဆောင်၍ Book Club နှင့်  စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကို စက်တင်ဘာ   ၁၂ ရက် နံနက်ပိုင်းက   ချောင်းဦးမြို့နယ်  လူထုအခြေပြုဗဟိုဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာ ဂျိမ်း(စ်)လှကျော်၏   မောင်ရင်မောင်မမယ်မ  ပထမဆုံးခေတ်ပေါ်မြန်မာဝတ္ထုကို Book Clubအဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်မြင့်က ဦးဆောင်၍  စာဖတ်ဝိုင်းကျင်းပကြကာ အပြန်အလှန်ဆွေးနွေးသည်။

ဆက်လက်၍ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုဝင်းက  Youth Clubအဖွဲ့ဝင်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောသည်။

စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များ၊  Youth Club အဖွဲ့ဝင်များ၊ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ဦးစီးမှူး  ဒေါ်ယုယုဝင်းနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း  သိရသည်။

 အိအိအောင်(ချောင်းဦး)

Read 7 times Last modified on Friday, 13 September 2019 11:54