SJ WorldNews - шаблон joomla Авто

Pro Pak Myanmar 2019 ဆဋ္ဌမအကြိမ် မြောက်ပြပွဲ ကျင်းပ

Friday, 13 September 2019 10:34 font size decrease font size decrease font size increase font size increase font size

ကုန်ထုတ်လုပ်သူများအတွက် နောက်ဆုံးပေါ်နည်းပညာများကို ပညာရှင်များနှင့် ဆက်သွယ်ထိတွေ့နိုင်စေရန် ရည်ရွယ်ပြီး Pro Pak Myanmar 2019 ဆဋ္ဌမအကြိမ်မြောက် ပြပွဲကို စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Expo (ME)  ခန်းမ၌ ဖွင့်လှစ်ပြသသည်။

''အစားအစာ၊ အဖျော်ယမကာနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် နောက်ဆုံးပေါ်နည်းပညာနဲ့ တီထွင်ဖန်တီးမှုတွေကို ပြသမယ်။ ဒီပြပွဲမှာ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံက ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့အဆင့်မီအရည်အသွေးနဲ့   တန်ဖိုးမြှင့် ကုန်ပစ္စည်းတွေကို  နိုင်ငံတကာကို  တင်ပို့တာတွေ တွေ့မြင်လိုပါတယ်'' ဟု  Informa Markets မှ Event Director ဒေါ်ငြိမ်းငြိမ်းအေးကပြောသည်။

အဆိုပါပြပွဲတွင် ဈေးနှုန်းမမြင့်မားသော စက်ပစ္စည်းများမှအစပြု၍   အကြီးစား ကုန်ထုတ်လုပ်သူများအတွက်  ထုတ်လုပ်နိုင်စွမ်းမြင့်မားသော   အလိုအလျောက် စနစ်များအထိ ပြည်တွင်းကုန်ထုတ်လုပ်သူ များအတွက် ၄င်းတို့၏ ထုတ်လုပ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေမည့်  ကမ္ဘာအနှံ့မှ နောက်ဆုံးပေါ်နည်းပညာများနှင့် တီထွင်မှုများကို  ပြသခြင်းဖြစ်သည်။

ထို့ပြင် အင်ဒိုနီးရှား၊ တရုတ်(တိုင်ပေ)နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာ ပြခန်းတွဲ  သုံးခုအပါအဝင်  နိုင်ငံပေါင်း ၂ဝ မှ ကုန်အမှတ်တံဆိပ် ၂ဝဝ ကျော်ကို ကိုယ်စားပြုသည့် ကုမ္ပဏီ ၁၅ဝ ကျော်နှင့် ဆက်သွယ်နိုင်မည့် အခွင့်အလမ်းများ ရရှိစေနိုင်မည် ဖြစ်သည်။

ပြသမည့် နည်းပညာများသည် ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ တံဆိပ်ကပ်ခြင်းနှင့် သိုလှောင်ခြင်းတို့အပါအဝင် အစားအစာထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးအတွက် အဆင့်တိုင်းတွင်ပါဝင်ကြောင်း၊ အဆိုပါပြပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

Kay Kay

Read 6 times Last modified on Friday, 13 September 2019 11:53