SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်စက်ပြင်ကျွမ်းကျင်မှုပြိုင်ပွဲများ ကျင်းပပြီး လူငယ်လုပ်သားများ မွေးထုတ်ပေးလျက်ရှိ

Friday, 13 September 2019 12:00 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု  စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် နည်းပညာအဆင့်အတန်းမြင့်မား လာမှုကို  အမီလိုက်နိုင်ရန်နှင့် အာဆီယံ နိုင်ငံများနှင့်အပြိုင် ကျွမ်းကျင်မှုလုပ်သားများ      မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ MYANAUTO TOP MECHANIC CHALLENGE  2019 ဟု အမည်ပေးထားသည့် မော်တော်ယာဉ် စက်ပြင်ကျွမ်းကျင်မှု ပြိုင်ပွဲများကို  ကျင်းပပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ   လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်၏ပြောပြချက်အရ သိရသည်။

အဆိုပါ မော်တော်ယာဉ်စက်ပြင်ကျွမ်း ကျင်မှုပြိုင်ပွဲများကို ရန်ကုန်မြို့၌ အခါအားလျော်စွာ ကျင်းပလျက်ရှိကာ အဖွဲ့တစ်ဖွဲ့လျှင်   နှစ်ဦးစီပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲမှ ဆုရလူငယ်များအနေဖြင့်    မန္တလေးမြို့၌    ကျင်းပသောပြိုင်ပွဲတွင် ဆုရရှိသည့်လူငယ်များနှင့်   နိုင်ငံအဆင့် ပြိုင်ပွဲကြီးသို့   တက်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံအဆင့်ပြိုင်ပွဲတွင် ဆုရရှိ သူများကို  အာဆီယံအဆင့်ကျွမ်းကျင်မှု ပြိုင်ပွဲသို့     စေလွှတ်ယှဉ်ပြိုင်စေမည်ဖြစ် ကြောင်း သိရသည်။

မော်တော်ယာဉ်စက်ပြင်လုပ်ငန်းများ၌ လူငယ်ပညာရှင်များ  လိုအပ်မှုရှိလာသည့် အတွက် NSSA မှ ပြိုင်ပွဲများကျင်းပ၍ လူငယ်လုပ်သားများ မွေးထုတ်ပေးလျက်ရှိ ရာ ယခုအခါ  မော်တော်ယာဉ်စက်ပြင် ကျွမ်းကျင်မှု  Level  1 နှင့် 2 ကို စစ်ဆေး နိုင်ပြီဖြစ်ကြောင်း၊  Level 3 နှင့် 4 ကို  စစ်ဆေးနိုင်ရန်လည်း    ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊  ထိုမှတစ်ဆင့် ကြီးကြပ်ရေးမှူး အဆင့်ပညာရှင်များ    မွေးထုတ်မည်ဖြစ်ကြောင်း သိရသည်။

NSSA အနေဖြင့်  မော်တော်ယာဉ် ကျွမ်းကျင်လုပ်သားများသာမက ဟိုတယ်လုပ်ငန်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းနှင့် အင်ဂျင်နီယာလုပ်ငန်းတို့အတွက် ပြိုင်ပွဲများပြုလုပ်ကာ ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးလျက်ရှိကြောင်း သိရသည်။          

 မောင်မျိုး(ဧရာဝတီ)

Read 9 times Last modified on Friday, 13 September 2019 12:01