SJ WorldNews - шаблон joomla Авто

ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်း အနားကျင်းပ

Tuesday, 17 September 2019 10:26 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ကျင်းပရာ    ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်   စိုက်ပျိုးရေး၊  မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနှင့်  တာဝန်ရှိသူများ၊  ရန်ကုန် မြို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် Pro-ject  Manager   &  Chief   Technical Advisor   Mr.Martin  Cosier  နှင့်  အခြေခံပညာကျောင်းများမှ ဆုရကျောင်း သား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ဝန်ကြီးဦးဟံထွန်းက အဖွင့် အမှာစကားပြောကြားပြီး    Mr.Martin Cosier က ကုလသမဂ္ဂပတ်ဝန်းကျင်အစီ အစဉ်  အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ယင်းနောက် အခြေခံပညာအထက်တန်းအဆင့်   စာစီစာကုံးပြိုင်ပွဲနှင့်   အခြေခံပညာအလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲတို့တွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ပြီး အထိမ်းအမှတ် အဖြစ်ပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။

အိုဇုန်းလွှာသည် နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်သုံးမျိုး အနက် နံနက်ခင်းနေရောင်ခြည်တွင်ပါ ဝင်သော (A)အမျိုးအစား  Ultraviolet   A (UV-A) Radiation များကို စုပ်ယူခြင်း မရှိဘဲ နံနက် ၉ နာရီမှ ညနေ  ၄ နာရီ အတွင်း  ကျရောက်သော  နေရောင်ခြည်မှ  လူသားတို့အား အရေပြားရောဂါ၊ မျက်စိ ရောဂါများကို ဖြစ်စေတတ်သည့် (B)အမျိုး အစားကို     စုပ်ယူပေးသောအလွှာဖြစ်ကြောင်း သိရသည်။               လင်းခန့်

Read 12 times Last modified on Tuesday, 17 September 2019 10:27