SJ WorldNews - шаблон joomla Авто

မီးငြှိမ်းသတ်နည်းပညာနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာသင်တန်းဖွင့်

Tuesday, 17 September 2019 10:29 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့အမှတ်(၁) သီရိမင်္ဂလာရပ်ကွက် Golden Engle Balloon ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ၌ စနစ်တကျ မီးငြှိမ်းသတ်နည်းပညာနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပညာပေး သင်တန်းကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ကျင်းပသည်။

သင်တန်းတွင်  ညောင်ဦးခရိုင်  မီးသတ်ဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က  အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူးနှင့် မီးသတ်အဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် နည်းစနစ်များ၊   မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် အရေးပေါ်မီးငြှိမ်းသတ်နည်းစနစ်များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် ရှာဖွေကယ်ဆယ်ရေးနည်းပညာများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို စာတွေ့လက်တွေ့ ဆွေးနွေးပို့ချသင်ကြားပေးသည်။

အဆိုပါသင်တန်းသို့ GoldenEngle Balloon ခရီးသွားဝန်ဆောင်မှုကုမ္ပဏီမှ သင်တန်းသား ၇ဝ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။ ရဲဝင်းနိုင်(ညောင်ဦး)

Read 13 times Last modified on Tuesday, 17 September 2019 10:30