SJ WorldNews - шаблон joomla Авто

အခြေခံ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်

Tuesday, 17 September 2019 10:31 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်း(၁/၂ဝ၁၉)ဖွင့်ပွဲကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးတိုးလှက ကြက်ခြေနီပေါ်ပေါက်လာပုံနှင့် ကြက်ခြေနီအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးစောမြတ်ရွှေဟိန်းက သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် အခြေခံရှေးဦးပြုစုနည်း၊ ထမ်းစင်ဖြင့် လူနာသယ်ဆောင်နည်း၊ အခြေခံအထောက်အကူပြု အသက်ကယ်နည်း၊ သုံးထောင့်ပတ်တီးစည်းနည်း၊ပတ်တီးလိပ်စည်းနည်း စသည့်ဘာသာရပ်များကို မြို့နယ်ကြက်ခြေနီအသင်း တပ်ခွဲမှူး ဦးနိုင်မင်းထွန်းနှင့် နည်းပြတပ်ဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူ ၅ဝ ဦးအား သင်တန်းကာလ  သုံးရက်ကြာ  စာတွေ့လက်တွေ့ သင်ကြားလျက်ရှိကြောင်း  သိရသည်။                    မျိုးညွန့်ရွှေ(မိုးနဲ)

Read 13 times Last modified on Tuesday, 17 September 2019 10:32