SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းအပြင် တခြားဆိပ်ကမ်းများမှပါ တင်ပို့မည်

Tuesday, 08 August 2017 09:58 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ် 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ယခုနှစ်အတွင်း ဆန်တန်ချိန် သုံးသိန်းတင်ပို့နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ ရန်ကုန်ဆိပ်ကမ်းအပြင် တခြားဆိပ်ကမ်းများမှပါ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ် အတွင်းရေး မှူး ဦးရဲမင်းအောင်ထံမှ သိရသည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးမှ ယခုလဆန်းပိုင်းတွင် လာရောက် ကမ်းလှမ်းထား ခြင်းဖြစ်သည်။ လက်ရှိတွင် MoU ရေးထိုးနိုင်ရန် ညှိနှိုင်းနေပြီး မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ငါးသောင်းတင်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

''ရောင်းချတဲ့အခါ ရန်ကုန်ဆိပ်ကမ်း တစ်ခုတည်းကသာမကဘဲ ပုသိမ်ဆိပ်ကမ်း စစ်တွေဆိပ်ကမ်းတွေလို ဆန်တင် ပို့လို့ရတဲ့ ဆိပ်ကမ်းတွေကနေ တင်ပို့လို့ရအောင် ညှိနှိုင်းနေပါတယ်''ဟု ဦးရဲမင်းအောင်က ပြောသည်။ ထို့ပြင် မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်မှ ကိုယ်စားလှယ် ငါးဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ဆန် တင်ပို့နိုင်ရေးအတွက် သြ ဂုတ် ၅  ရက်က အသေးစိတ် သွားရောက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ရှစ်သိန်း တင်ပို့ထားရာ ၆ဝ ရာခိုင် နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ထား ပြီး ၃ဝ ရာခိုင်နှုန်းမှာ အာဖရိကနိုင်ငံတို့သို့ တင်ပို့ထားကာ ၁ဝ ရာခိုင်နှုန်းမှာ ဥရောပနှင့် ဒေသတွင်း အာဆီယံနိုင်ငံ တို့သို့ တင်ပို့ ထားကြောင်း သိရသည်။

Read 402 times Last modified on Tuesday, 08 August 2017 10:00