SJ WorldNews - шаблон joomla Авто

ကလိန်အောင်မြို့၌ သံပရာသီး စိုက်တောင်သူများ အဆင်ပြေ

Tuesday, 08 August 2017 10:00 font size decrease font size decrease font size increase font size increase font size

ကလိန်အောင် သြဂုတ် ၇

တနင်္သာရီိတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့၌ သံပရာသီးများလှိုင်လှိုင် ထွက်ရှိ သော် လည်း ဈေးနှုန်းကျဆင်းမှုမရှိသောကြောင့် သံပရာသီးခြံစိုက်ပျိုးတောင်သူ များ အ ဆင်ပြေ လျက်ရှိကြောင်း သိရသည်။

''သံပရာသီးဈေးနှုန်းက အခုမိုးရာသီမှာဆိုရင် အလုံးအရွယ်အစားအလိုက် အကြီးတစ်လုံးကို ငွေ ကျပ် ၁ဝ၊ အလတ် ၇ ကျပ်လောက်ရတယ်။ နွေရောက်ရင်တော့ အကြီးတစ်လုံးကို ငျွေပ် ၅ဝ၊ အလတ်ဆိုရင် ငွေကျပ် ၃ဝ လောက်ရတယ်လေ။ ဒါကြောင့်သံပရာသီးစိုက်တာတော့ အရှုံးမရှိပါဘူး''ဟုသံပရာခြံ စိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။

သံပရာပင်များကို ကလိန်အောင်မြို့နှင့်အနီးကျေးရွာများဖြစ်သော ဇင်းဘာကျေးရွာ၊ကော့လှိုင်၊ ရေပုံး၊ မိကျောင်းလှောင်၊ မရမ်းချောင်း၊ ရာဖူး စသည့်ကျေးရွာတို့မှ စိုက်ပျိုးကြပြီး     ရန်ကုန် သို့ တင်ပို့ရောင်းချကြသည်။

သံပရာစိုက်ပျိုးရာတွင် သံပရာအကိုင်းတစ်ကိုင်းလျှင် ငွေကျပ် ၇ဝဝ ဖြင့်ဝယ်ယူရကာ မြေ တစ်ဧ ကလျှင် ပျိုးကိုင်း ၁ဝဝ ကျော်စိုက်ပျိုးရပြီး ကုန်ကျမှုမှာ ငွေကျပ်သိန်း ၆ဝနီး ပါး လောက်ကုန်ကျကြောင်း သိရသည်။

Read 482 times Last modified on Tuesday, 08 August 2017 10:03