SJ WorldNews - шаблон joomla Авто

ရေတိုက်စားမှုကြောင့် ပျက်စီးနေသည့် တောင်ဇင်းအုပ်စု ကမ္မသောက်သုံးရေကန်ကြီး ကန်ပေါင်အား ပြုပြင်လျက်ရှိ

Wednesday, 09 October 2019 09:09 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စုရှိ  ကမ္မသောက်ရေကန်ကြီးသည် အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းသဖြင့် ချောင်းရေများ ကန်အတွင်း ဝင်ရောက်လာခြင်းကြောင့် ကမ္မရေပိုလွှဲမြောင်းတစ်လျှောက် ပျက်စီးခဲ့သည့် နေရာများအား   လမ်းဦးစီးဌာနမှ အောက်တိုဘာ ၇ ရက် နံနက်ပိုင်း မှစတင်ကာ     စက်ယန္တရားကြီးများဖြင့် ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကမ္မသောက်ရေကန်ကြီးသည် မြေသားတာပေါင်များဖြင့် ကာရံထားသည့် ရေကန်သုံးကန်တွဲကန်ကြီး ဖြစ်ပြီး တောင်မြောက်မြေသားတာပေါင် အရှည်ပေ ၈၄ဝ နှင့် အရှေ့အနောက်ပေ ၈၆ဝ၊ ရေပိုလွှဲအကျယ် ပေ ၈ဝ ရှိကာ  မြေသားရေပိုလွှဲဖြစ်သည်။   ရေပိုလွှဲရေလမ်းကြောင်းမှာ ငါ့သရောက်မြို့နှင့်    ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလမ်း ၂ဝ၁၂-၂ဝ၁၃ ခုနှစ်က ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ကမ္မသောက် ရေကန်ကြီးကို ဘုန်းတော်ကျေးရွာ အိမ်ထောင်စု ၃၁၅ စု လူဦးရေ၁၃၇၄ ဦး၊ ထနောင်းစုကျေးရွာ အိမ်ထောင်စု ၂၇၈ စု လူဦးရေ ၁၃၃၅ ဦး၊ ကွမ်းဖလားကျေးရွာ အိမ်ထောင်စု ၁၂၇ စု လူဦးရေ ၅၃၅ ဦး မှီခို အားထားနေသည့် ရေကန်ကြီးဖြစ်ကာ  အဆိုပါ  ကမ္မသောက်ရေကန် ကျိုးပေါက်ပါက ကန်အောက်ပိုင်းနှင့် အနိမ့်ပိုင်းရှိ နေအိမ် ၂၈ဝ ခန့် အန္တရာယ် ကြုံတွေ့နိုင်ကြောင်း သိရသည်။ ကိုထိန်(ငါ့သရောက်)

Read 9 times Last modified on Wednesday, 09 October 2019 09:11