SJ WorldNews - шаблон joomla Авто

သီတင်းကျွတ်ပွဲတော် ဆီမီး ၃ဝဝဝ ပူဇော်ပွဲနှင့် မီးပုံးပျံ ၁ဝဝဝ လွှတ်တင်ပူဇော်ပွဲ ကျင်းပမည်

Wednesday, 09 October 2019 09:11 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ကျက်သရေဆောင် ရွှေပြည်သာအာနန္ဒာ စေတီတော် ရင်ပြင်ပေါ်၌ အောက်တိုဘာ ၂ဝ ရက် (သီတင်းကျွတ်လပြည့်ကျော် ၇ ရက်)တွင် ဆီမီး ၃ဝဝဝ ပူဇော်မီးထွန်းပွဲနှင့် မီးပုံးပျံ ၁ဝဝဝ လွှတ်တင်ပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖောင်ဒေးရှင်းနှင့် ထိုင်းနိုင်ငံ Dhama Kaya Foundation တို့ ပူးပေါင်း ပါဝင်မှုဖြင့် တစ်မြို့နယ်လုံးရှိ ဓမ္မစကူးကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ  ၅ဝဝဝ ကျော်က  ဆီမီးကြာခွက်ငယ်များ ကိုင်ဆောင်စီတန်း၍ မြို့ကျက်သရေဆောင် ရွှေပြည်သာအာနန္ဒာ စေတီတော်ရင်ပြင်ပေါ်၌ စုရုံးကာ ရင်ပြင်တော်တစ်ခွင်လုံး စနစ်တကျ ဆီမီးပူဇော်ကြမည်ဖြစ်ပြီး မီးပုံးပျံအလုံး ၁ဝဝဝ ကို လွှတ်တင်ပူဇော်၍ စတုဒိသာနိဗ္ဗာန်ဈေး အလှူတော်များဖြင့်   ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။ကျော်စိုး(ကော့သောင်း)

Read 17 times Last modified on Wednesday, 09 October 2019 09:12