SJ WorldNews - шаблон joomla Авто

ဒီပလိုမာသင်တန်းများ တက်ရောက်ရန် ပညာသင်ဆု လျှောက်ထားလိုသူများ အွန်လိုင်းမှ လျှောက်ထားနိုင်

Wednesday, 09 October 2019 09:39 font size decrease font size decrease font size increase font size increase font size

Miba University မှ ခေါ်ယူလျက်ရှိသည့် ဒီပလိုမာ သင်တန်းများအတွက် ပညာ သင်ဆု လျှောက်ထားလိုသူများ အနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း Miba University မှ Acade-mic   Director ဦးမောင်မောင်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

''ကျွန်တော်တို့ Scholarship  ခေါ်နေပါတယ်။အဓိကက ကျွန်တော်တို့ကျောင်းမှာ တက်တဲ့ သင်တန်းသား၊ သင်တန်းသူ အဟောင်းတွေ နောက်ထပ် ပရိုဂရမ်တစ်ခု တက်မယ်ဆိုရင် Scholarship ခံစားခွင့်ရှိပါတယ်။ ကျွန်တော်တို့ဆီက သင်တန်းပြီးသွားတဲ့ သင်တန်းသား၊ သင်တန်းသူ အများစုက အလုပ်အကိုင် အခွင့်အလမ်းတွေများစွာ ရရှိခဲ့သလို သင်တန်းတက်ပြီး ရာထူးတိုးသွားတဲ့ သူတွေလည်း အများကြီးရှိပါတယ်။     ကျွန်တော်တို့သင်တန်းကို တက်မယ်ဆိုရင်  အသက်အရွယ် ကန့်သတ်ချက်မရှိပါဘူး။  ဒါပေမဲ့ ပညာအရည်အချင်း အနေနဲ့ အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင် တဲ့သူတွေပဲ တက်လို့ရပါတယ်''ဟု ဦးမောင်မောင်ဝင်း ကပြောသည်။

ပညာသင်ဆုခေါ်ယူမှုကို ယခုလအတွင်း ဖွင့်လှစ်မည့်   စီးပွားရေးဆိုင်ရာ လုပ်ငန်းခွင် အသုံးချ  ဒီပလိုမာသင်တန်းများ အတွက် ခေါ်ယူနေခြင်းဖြစ်ပြီး ဒီပလိုမာ သင်တန်းများအတွက်   သင်တန်းကြေး Discount များနှင့် Diploma in Busi-ness English (UK) အခမဲ့တက်ရောက် ခွင့်ရမည့် အခွင့်အရေးကိုလည်း ရရှိနိုင်မည် ဖြစ်၍    စိတ်ပါဝင်စားသူများ အနေဖြင့်  https://www.facebook.com/miba.10  miles ၌   ဝင်ရောက်ကြည့်ရှုနိုင်သည်။

သင်တန်းများမှာ    အမျိုးအစားပေါ် မူတည်၍ သင်တန်းကာလ  ငါးလဝန်းကျင် ကြာမြင့်ပြီး ယခုအခါ Miba University သင်တန်းကျောင်းမှ  သင်တန်းပြီးဆုံးကာ လုပ်ငန်းခွင် ဝင်ရောက်နေသည့် ဘွဲ့ရရှိပြီးသော သင်တန်းသား၊ သင်တန်းသူပေါင်း ၄၅ဝဝ    ကျော်ရှိပြီဖြစ်ကြောင်း   သိရသည်။

Read 17 times Last modified on Wednesday, 09 October 2019 09:40