SJ WorldNews - шаблон joomla Авто

သီတင်းကျွတ်ရုံးပိတ်ရက် ကာလတွင် ရန်ကုန်-မန္တလေး အစုန်-အဆန် အထူးရထား ပြေးဆွဲပေးမည်

Wednesday, 09 October 2019 09:50 font size decrease font size decrease font size increase font size increase font size

မြန်မာ့မီးရထားမှ သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် နေရပ်ဒေသ အသီးသီးသို့ ပြန်ကြမည့် ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ သွားလာမှု အဆင်ပြေစေရေးအတွက် အောက်တိုဘာ ၁ဝ ရက်တွင်   ရန်ကုန်-မန္တလေး ခရီးစဉ်နှင့်  မန္တလေး - ရန်ကုန် ခရီးစဉ်တို့အတွက်  အထူးအမြန်ရထားနှစ်စင်း  တိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇)  အထွေထွေမန်နေဂျာ  ဦးဇော်လွင်၏ ပြောကြားချက်အရ သိရသည်။

အဆန်အထူးရထားသည်  ရန်ကုန်မှ ညနေ ၄ နာရီခွဲတွင်  စတင်ထွက်ခွာပြီး နောက်တစ်နေ့ နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင်   မန္တလေးသို့ ရောက်ရှိမည်ဖြစ်သည်။ အစုန်အထူး ရထားသည်လည်း မန္တလေးမှ ညနေ  ၆ နာရီတွင်  စတင်ထွက်ခွာပြီး နောက်တစ်နေ့  မွန်းတည့်  ၁၂ နာရီတွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း   သိရသည်။

ထို့ပြင် သီတင်းကျွတ် ရုံးပိတ်ရက်အပြီး ရုံးများပြန်ဖွင့်ပါက  လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်မည့်သူများ အတွက်လည်း အောက်တိုဘာ ၁၅  ရက်တွင် အထက်ပါ  အချိန်စာရင်းများအတိုင်း ရန်ကုန်-မန္တလေး အစုန်၊ အဆန်အထူးရထားများ   ပြေးဆွဲပေးမည်ဖြစ်သည်။

အဆိုပါရထား လက်မှတ်ဝယ်ယူမှုများ အတွက် အထက်တန်းကို အောက်တိုဘာ ၈ ရက်မှစ၍ လည်းကောင်း၊  ရိုးရိုးတန်း ကို အောက်တိုဘာ ၉ ရက်မှစ၍လည်းကောင်း လက်မှတ်ရုံများ၌  ရောင်းချပေးမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထား အနေဖြင့်    ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် အထက်တန်း ငွေကျပ် ၉၃ဝဝ နှင့် ရိုးရိုးတန်း ငွေကျပ် ၄၆၅ဝ တို့ဖြစ်သည်။

ရန်ကုန်-မန္တလေး   ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးနေသော အမှတ်(၁၁/၁၂) (၅/၆) (၃/၄) အစုန်၊ အဆန်အမြန်ရထားများကိုလည်း  နေ့စဉ်ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။        

Read 13 times Last modified on Wednesday, 09 October 2019 09:51