SJ WorldNews - шаблон joomla Авто

သက်တမ်းရှည် ပိတောက်ချောင်ကထိန် အစဉ်အလာမပျက် ကျင်းပရန် ပြင်ဆင်

Wednesday, 09 October 2019 10:14 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး ကထိန်တော်ဟု ညွှန်းဆိုနိုင်သည့် ပလိပ်မြို့မှ စုပေါင်းကုသိုလ်ပြုသည့် ပိတောက်ချောင် ကထိန်ကို အစဉ်အလာမပျက် ကျင်းပရန် စတင်ပြင်ဆင်လျက်ရှိပြီး ယင်းကထိန်ကို နှစ်စဉ် ကျင်းပလာခဲ့သည်မှာ     ယခုနှစ်တွင်  ၂၅၆ နှစ်တိတိရှိပြီဖြစ်ကြောင်း   သိရသည်။

ပိတောက်ချောင်ကထိန်မှာ    ခေတ်အဆက်ဆက် တစ်နှစ်မှ ပျက်ယွင်းခြင်း မရှိဘဲ    အစဉ်အဆက် ခင်းကျင်းခဲ့ကြသည်။

ပိတောက်ချောင်ကထိန်မှာ တတိယအင်းဝ မြို့တည်နန်းတည် ဆင်ဖြူရှင်မင်းတရားကြီး ရာဇဘိသေက  အောင်ပွဲခံရွှေနန်းတော် စံသည့် နှစ် ၁၁၂၅ မှစတင်ကာ ကထိန်ခင်း လာခဲ့ခြင်းဖြစ်သည်။ ကထိန်ခင်းမည့်ရက် ရောက်သည်နှင့် အဝေးရောက် ပလိပ်ဇာတိဖွားတို့မှာ    ပိတောက်ချောင် ကထိန်ကို လာရောက် ဆင်နွှဲလေ့ရှိသည်။ ရှေးယခင်က ကထိန်ခင်းရန်အတွက် ကထိန်လျာသင်္ကန်း ခေါင်းပေါ်ရွက်သူရွက် လှူဖွယ်ပစ္စည်းများကို တစ်ဦးတစ်လှည့်စီ   ပခုံးပေါ်ထမ်းကာ   ပလိပ်မှစစ်ကိုင်းသို့ ခြေကျင် သွားရောက်ကာ  ကထိန်ခင်းခဲ့ကြသည်။

ယခင်လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်ကာလတွင်   ပလိပ်အုပ်စု အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ စုပေါင်းလှူဒါန်းထားသော လှူဖွယ်ပစ္စည်းများကို သီတင်းကျွတ်လဆန်း ၁၃ ရက်တွင် ဒုဋ္ဌဝတီမြစ်ကမ်းနံဘေးတွင်    ခင်းကျင်းပြသကြသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ငှက်လှေများပေါ် တင်ဆောင်ပြီး အတီးအမှုတ်များဖြင့် ရေလမ်းခရီးအတိုင်း ဧရာဝတီမြစ်ကို ဆန်တက်ကာ စစ်ကိုင်းပိတောက်ချောင်အထိ သွားကြသည်။ပိတောက်ချောင်မရောက်ခင် ဆင်ဖြူရှင်လှ ဆိပ်ကမ်း ဇရပ်တွင် ခဏနားပြီး  ပိတောက်ချောင်ရှိရာ တောင်ပေါ်သို့ လှူဖွယ်ပစ္စည်းများ သယ်ပိုးကာ လှူဒါန်းခဲ့ကြသည်။

ဖွံ့ဖြိုးလာသော ခေတ်လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည့်အချိန်တွင် မော်တော်ယာဉ်များဖြင့် သယ်ယူကာ ပိတောက်ချောင် ကထိန်ကို အစဉ်အလာမပျက် ခင်းကြသည်။ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ရောက်သည်နှင့် ပလိပ်နယ်သူ နယ်သားများမှာ ကထိန်တော် ကျင်းပရေးမဏ္ဍပ်သို့ လှူဖွယ်များ လာရောက်လှူဒါန်းကြသည်။ လက်ရှိကာလတွင် ပလိပ်မြို့မှ ပိတောက်ချောင်ကထိန်မှာ မြန်မာနိုင်ငံတွင် သက်တမ်းရှည်ကထိန်အဖြစ်   တည်ရှိနေကြောင်း သိရသည်။     

Read 26 times Last modified on Wednesday, 09 October 2019 10:15