SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပ

Thursday, 10 October 2019 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက် ရေး ကော်မတီ၏ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများနှင့်  ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အစိုးရနှင့်အတူ ဝန်ကြီး ဌာနများက ကဏ္ဍအလိုက် ဝိုင်းဝန်း ဆောင်ရွက်ပေးနေကြကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ  အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၉ ရက် မှ အောက်တိုဘာ ၄ ရက်အထိ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း၊ ကွင်းဆင်းဆောင် ရွက်ခဲ့မှုနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ကွင်းဆင်းခဲ့သည့် ခရီးစဉ်တို့မှ တွေ့ရှိချက်နှင့် တင်ပြချက်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ တွေ့ရှိချက်နှင့် တင်ပြချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဌာနအလိုက် ဆောင် ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးသွားရန် ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးသည် ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ ပေါင်းစပ် ညှိနှိုင်းပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီမှ ညွှန်ကြားရေး မှူး ဒေါက်တာအောင်သူရိန်က ရခိုင်ပြည်နယ်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့မှုများဖြစ်သည့် တိုက်ပွဲရှောင် တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကိစ္စများ၊ တိုက်ပွဲရှောင် တိုင်းရင်းသားများ အတွက် ယာယီခိုလှုံရာ စခန်းများ တည်ဆောက်ပြီးစီးမှုများ၊ UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံမှုနှင့် ပြန်လည်နေရာချထားမှုများ၊ IDP  စခန်းများ၏ အခြေအနေ တို့ကိုရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနအလိုက်  ကိုယ်စားလှယ်များက ဌာနအလိုက် ဆောင်ရွက်နေမှု များကို ပြန်လည်ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ပေးကြောင်း သိရသည်။    

Read 7 times Last modified on Thursday, 10 October 2019 08:31