SJ WorldNews - шаблон joomla Авто

သကြားကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Thursday, 10 October 2019 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   အောက်တိုဘာ  

သကြားကဏ္ဍနှင့်ငါးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးဝင်းခိုင်နှင့် ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့်  ဦးလှကျော် နှင့် ဦးအောင်ထူး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် တာဝန်ရှိသူများ   စုံညီစွာ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင် နရီဗန်ထီးယူက အမှာစကားပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးလင်းက  နှစ်စဉ်  ပြည်တွင်းသကြား ထုတ်လုပ်မှု၊ သကြားစက်ရုံများမှ အီသနောထုတ်လုပ်မှု၊ ကြံသကြားကဏ္ဍနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲများ၊ ကျော်လွှားနိုင်မည့်နည်းလမ်းများ၊ ကြံသကြားစက်မှုလုပ်ငန်းများ  ရေရှည်ရပ်တည်ရှင်သန်ရေး၊ အိမ်နီးချင်းနိုင်ငံများ၏ သကြားထုတ်လုပ်မှု အခြေအနေ၊ သကြားစက်ရုံများ၏    ဘေးထွက်ပစ္စည်းများမှ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်မှုအခြေအနေ၊ အစားထိုးလောင်စာစွမ်းအင်ထုတ်လုပ်မှု နည်းပညာနှင့် စွမ်းရည်ဖွံ့ဖြိုးမှုအခြေအနေ၊ သကြားစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊      အဖွဲ့ဝင်ဦးတင်မောင်က ကြံ ၁ ဧက စိုက်ပျိုးထုတ်လုပ်မှု၊ သကြားစက်ရုံများ တည်ဆောက်ထားရှိမှု၊ ကြံမှအီသနောထုတ်လုပ်မှု၊ တင်လဲရည်ထုတ်လုပ်မှု၊    ပြည်ပသို့ တင်ပို့ရောင်းချမှု၊ ကြံဘေးထွက်ပစ္စည်းများ အသုံးချနိုင်မှု၊ ကြံနှင့်သကြားစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းများတွင်   ပြည်တွင်းလုပ်သားများ အလုပ်အကိုင်ရရှိမှုများကို လည်းကောင်း တင်ပြဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဌေးမြင့်က မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းထုတ်လုပ်မှု အခြေအနေ၊ ငါး၊ ပုစွန်ဖမ်းဆီးရေးနှင့် မွေးမြူရေးလုပ်ငန်း များအတွက် ခေတ်မီကိရိယာများ လိုအပ်မှု အခြေအနေ၊ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များအတွက် စက်ရုံများ လိုအပ်မှုအခြေအနေ၊ မွေးမြူရေးနည်းစနစ် များခေတ်မီရေး၊  ငွေကြေးအရင်းအနှီးရရှိ ရေးနှင့် ဈေးကွက်တွင် တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်ဈေးကောင်းရရှိရေး ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို လည်းကောင်း၊ အကြီးတန်းဒုတိယဥက္ကဋ္ဌ     ဒေါက်တာတိုးနန္ဒာတင်က ရေလုပ်ငန်းအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ မိရိုးဖလာမွေးမြူရေးစနစ်မှ ခေတ်မီမွေးမြူရေး စနစ်သို့ မဖြစ်မနေပြောင်းလဲရန် လိုအပ်မှု အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများ နည်းတူ ရေသတ္တဝါမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် အခြေအနေများနှင့် ခေတ်မီမွေးမြူရေးလုပ်ငန်း စမ်းသပ် ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း တင်ပြဆွေးနွေးကြသည်။

ထို့နောက်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဝင်းခိုင်၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး

ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးသန့်စင်လွင်တို့က  သကြားကဏ္ဍနှင့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးကြကြောင်း သိရသည်။     

Read 10 times Last modified on Thursday, 10 October 2019 08:34