SJ WorldNews - шаблон joomla Авто

ညောင်တုန်းမြို့ အတုလမာရဇိန်သွန်း ဘုရားကြီး၌ ဆီမီး ၉ဝဝဝ ပူဇော်ပွဲ ကျင်းပမည်

Thursday, 10 October 2019 09:10 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ အမှတ်(၂)ရပ်ကွက် လမ်းမတော်လမ်းရှိ အတုလမာရဇိန်သွန်း ဘုရားရုပ်ပွားတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တို့တွင် ဆီမီး၊ ပန်း၊ ရေချမ်းနှင့်သီတင်းကျွတ်မီးထွန်းပွဲတော်ဆီမီး ၉ဝဝဝ ပူဇော်ပွဲကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မီးထွန်းပွဲတော် ပြင်ဆင်ရေး ဘုရားဂေါပကအဖွဲ့မှ   သိရသည်။

အဆိုပါ ဆီမီးပူဇော်ပွဲတွင်  ဗုဒ္ဓဒေသနာတော်ဝတ်ရွတ်စဉ်များဖြင့် ဝတ်ရွတ်ပူဇော်မည်ဖြစ်ပြီး ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ရောင်းချသော ဈေးသည်များ၊ ဘုရားဖူးလာဧည့်သည်များအား စတုဒိတာဖြင့် ဧည့်ခံကျွေးမွေးမည် ဖြစ်သည်။

ယခုအခါ နှစ်ပေါင်း ၁၂၈ ကျော်ခန့်ရှိ သွန်းဘုရားကြီးအား ဘက်စုံမွမ်းမံပြင်ဆင်လျက်ရှိရာ ဘုရားအဝင်မုခ်ဦး၊ အရုဏ်ခံ တန်ဆောင်းတော်ကြီးအတွင်းရှိ ကျောက်တိုင်ကျောက်ပြားများ၊ လျှပ်စစ်မီးသီးများ၊ ဘုရားမျက်နှာရှေ့ အုတ်တံတိုင်း ကျောက်တိုင်များ လှူဒါန်းနိုင်ကြောင်း သိရသည်။

ထွန်းကျော်(ညောင်တုန်း)

Read 13 times Last modified on Thursday, 10 October 2019 09:11