SJ WorldNews - шаблон joomla Авто

သီတင်းကျွတ်ပွဲတော် အားလပ်ရက် အပန်းဖြေ အနားယူနိုင်ရန် မန္တလေးကျုံးဘေးတွင် ပန်းများ ရောင်စုံမီးများဖြင့်အလှဆင်ထား

Thursday, 10 October 2019 09:46 font size decrease font size decrease font size increase font size increase font size

သီတင်းကျွတ်ပွဲတော်   အများပြည်သူများ   အားလပ်ရက်များတွင်  မန္တလေးမြို့ရှိ ပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသူများ  အပန်းဖြေ အနားယူနိုင်ရေးအတွက် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်   ကျုံးတောင်ဘက် လျှောက်လမ်း၌ ပန်းအလှများ၊ ကျုံးရေပြင်တွင်   လှေငယ်များနှင့်  ပန်းအလှများ ဆင်ထားပြီး    ညပိုင်းတွင်   ရောင်စုံမီးအလှများ ထွန်းညှိပေးထားရာ လူငယ်များ လာရောက်၍ အလှဓာတ်ပုံ ရိုက်ကူးမှုများဖြင့်   စည်ကားလျက်ရှိကြောင်း   သိရသည်။

ထို့ပြင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း စည်ပင်သာယာရုံးရှေ့ ကျုံးရေပြင်တွင် မန္တလေးမြို့မှ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများအပန်းဖြေ အနားယူနိုင်ရေးအတွက် ကျုံးရေပြင်တွင် ရေပန်းအလှများ တပ်ဆင်၍    ရောင်စုံမီးများ ထွန်းညှိပေးထားရာ ညနေပိုင်း လာရောက် အပန်းဖြေကြသူများဖြင့်  စည်ကားလျက် ရှိကြောင်း သိရသည်။

Read 19 times Last modified on Thursday, 10 October 2019 09:47