SJ WorldNews - шаблон joomla Авто

နှစ်ကျိပ်ရှစ်ဆူ ဝင်္ကပါဘုရား မီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Thursday, 10 October 2019 10:28 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ နယ် ဈေးတန်း ကွက်သစ်ရပ်ကွက် စိတ္တသုခကျောင်းတိုက် အတွင်းရှိ ဝင်္ကပါမုခ်ဦးရှေ့၌ ဆဋ္ဌမအကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဝင်္ကပါဘုရား မီးထွန်းပွဲတော်ကို အောက်တိုဘာ ၈ ရက် ညနေပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး စိတ္တ သုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ အရှင်သူမြတ်ထံမှ သြဝါဒခံယူကြသည်။ ထို့နောက် ကောဏဂုဏ်၊ ကဿပ၊ ဂေါတမ၊ ကပ္ပိလဝတ်ပြည်၊ ကောလိယပြည်အစရှိ သော နှစ်ကျိပ်ရှစ်ဆူ  ဘုရားရှင်တို့အား  ကျောင်းဝင်းအတွင်း  ပြုလုပ်ထားသော ဝင်္ကပါအတွင်းသို့ ပင့်ဆောင်တော်မူခဲ့ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ကြ သည်။

ဆက်လက်၍   ဆဋ္ဌမအကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဝင်္ကပါဘုရား မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ စိတ္တသုခ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်း ဇော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက် လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်နှင့် ဂေါပကအဖွဲ့ဝင် ဦးသန်းမောင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်း၊ အကပဒေသာများဖြင့် ဖျော်ဖြေခြင်း၊ မီးထွန်းပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် မိဘပြည်သူများက ဝင်္ကပါအတွင်း ဆီမီးများ ပတ်လည်ပူဇော်ခြင်း၊ နှစ်ကျိပ်ရှစ် ဆူသော ဘုရားရှင်မြတ်တို့အား   ဖူးမြော်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြသည်။

အဆိုပါ မီးထွန်းပွဲတော်ကြီးကို အောက်တိုဘာ ၈ ရက်မှစ၍ အောက်တိုဘာ ၁၃ ရက်အထိ ခြောက်ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။    

Read 25 times Last modified on Thursday, 10 October 2019 10:29