SJ WorldNews - шаблон joomla Авто

အလုပ်အကိုင် အခွင့်အလမ်းအများအပြား ရှိသော်လည်း အလုပ်အကိုင် ရရှိနိုင်မည့် အခွင့်အရေး ရှားပါးနေ

Monday, 21 October 2019 09:53 font size decrease font size decrease font size increase font size increase font size

ပြည်တွင်း၌    လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းအများအပြား ရှိသော်လည်း   အလုပ်အကိုင်ရရှိနိုင်မည့် အခွင့်အရေးနည်းပါးနေကြောင်း အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့ ဆူးလေ ဘုရားအနီးရှိ     ယခင်ဟိုတယ်နှင့် ခရီးအဆောက်အအုံဟောင်း၌ ကျင်းပသည့်  Youth  Career Forum 2019 တွင် ရန်ကုန်တိုင်းဒေသကြီး  လူငယ်ရေးရာ ကော်မတီ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင် ဒေါ်သဲစုစုထွန်း၏ ပြောဆိုချက်အရ သိရသည်။

''လက်ရှိ ပြည်တွင်းက လူငယ်အတော် များများက ကျောင်းပြီးလို့ ဘွဲ့တွေသာ ရထားကြတယ်။  လုပ်ငန်းရှင်တွေလက်ခံ နိုင်တဲ့    အတတ်ပညာကျွမ်းကျင်မှုပိုင်း   အားနည်းကြတယ်။ ဒါကြောင့် လုပ်ငန်းရှင် တွေကလည်း အလုပ်ခန့်ဖို့ သေချာစဉ်းစားလာကြတယ်။ လူငယ်တွေကလည်း  အလုပ်လိုချင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေက  မရှားပါဘူး။  အလုပ်အကိုင်ရရှိနိုင်မယ့် အခွင့်အရေးတွေကသာ  ရှားနေတာပါ'' ဟု ဒေါ်သဲစုစုထွန်းက ပြောသည်။

လူငယ်များ အလုပ်အကိုင်ရရှိနိုင်ရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖြည့်ဆည်းရန် လိုအပ်နေသည့်အပြင် ကွန်ရက်များ   ဖွဲ့စည်းရန်လည်း လိုအပ်နေသည်။ အလုပ်အကိုင်များ  မည်ကဲ့သို့ရနိုင်မည်ကို သိရှိရန်  အသိပညာပေးမှုများ လိုအပ်နေပြီး လုပ်ငန်းရှင်များကလည်း အလုပ်သင်များများ ခေါ်ယူပေးရန်   လိုအပ်သည်။ ကျွမ်းကျင်ပြီး စိတ်ချရသည့် အလုပ်သမားများဖြစ်စေရန် အလုပ်ရှင်များက တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပြီး      အလုပ်ရှင် စိတ်ချရသည့် အလုပ်သမားများ ဖြစ်ပါက အလုပ်ရှင်များအနေဖြင့် အလုပ်သင်များကို  လက်ခံလာနိုင်မည် ဖြစ်ကြောင်း  သိရ သည်။                        ဇွန်သီတာ

Read 36 times Last modified on Monday, 21 October 2019 09:53