SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် စက်ဘီးစီးခြင်းနှင့် လမ်းလျှောက်ခြင်းသည် အရေးပါသော ကဏ္ဍ၌ ပါဝင်

Monday, 21 October 2019 09:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့တွင်း  ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် စက်ဘီးစီးခြင်းနှင့် လမ်းလျှောက်ခြင်းသည် အရေးပါသော ကဏ္ဍ၌ ပါဝင်ကြောင်း အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့ ၂၉ လမ်းနှင့် ရွှေဘုံသာလမ်း အပေါ်ဘလောက် နောက်ဖေးလမ်းကြား ဥယျာဉ်၌ပြုလုပ်သည့် ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့၏ (၁ဝ)ကြိမ်မြောက် ကျွန်ုပ်တို့၏ မြို့ပြစကားဝိုင်းမှ သိရသည်။

''ကားလမ်းပိတ်တာနဲ့ လေထုညစ်ညမ်းမှု လျှော့ချဖို့သာမက မြို့ထဲမှာ လွယ်ကူစွာ သွားလာနိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုသင့်ပါတယ်။  စက်ဘီးစီးတာက  ကားစီးတာထက် စရိတ်စက ပိုသက်သာပြီး မြို့ထဲမှာ ကုန်ပစ္စည်းတွေ ပို့ဆောင်တဲ့အခါ    ပိုပြီး လျင်မြန်လွယ်ကူစေပါတယ်''ဟု ဒို့အိမ်လူမှု အကျိုးပြုအဖွဲ့မှ Head  of Capacity Building  MyrteMijnders   က ပြောသည်။

ထို့ပြင် စက်ဘီးစီးသူများအတွက် လုံခြုံရေးနှင့် သီးသန့်စက်ဘီးစီးလမ်းများ၊ စက် ဘီးရပ်ရန်နေရာများ   စသောအထောက် အပံ့များလိုအပ်ပြီး စက်ဘီးစီးခြင်းကို အားပေးခြင်းသည်  ရန်ကုန်မြို့ရှိ  ပြည်သူများ ခရီးသွားလာရာ၌  များစွာအထောက်အကူ ပြုစေရုံသာမက    ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုနိုင်ကြောင်း    သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုများ    များပြားလာခြင်းကြောင့်   ရန်ကုန်မြို့တွင်း  ခရီးသွားလာသူများအတွက်  မော်တော်ယာဉ်အသုံးပြုမှုကိုသာ   အဓိကမှီခိုနေရကာ တခြားနည်းလမ်းများ မရှိသေးသည့်အတွက် ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်ကာ အချိန်ကုန်လူပင်ပန်းမှု တွေ့ကြုံရကြောင်း  သိရသည်။                    ဆုလာဘ်

Read 52 times Last modified on Monday, 21 October 2019 09:57