SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ၌ မှားယွင်းမှုရှိပါက စာမေးပွဲ ကာလမတိုင်မီ ပြင်ဆင်ခွင့် ပြုထား

Thursday, 28 September 2017 09:55 font size decrease font size decrease font size increase font size increase font size

တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ၌ အချက်အလက် မှားယွင်းခြင်းများရှိပါက ပြန်လည် ပြင်ဆင်လိုလျှင် စာမေးပွဲကာလ မတိုင်မီ ကာလအထိ ပြင်ဆင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ထံမှ သိရသည်။

''စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားတွေ ရောက်ပြီဆိုတာနဲ့ ကျောင်းသားရဲ့ နာမည်စာလုံးပေါင်းတွေ၊ မွေးသက္ကရာဇ်တွေ၊ အချက်အလက်တွေကို မှန်၊ မမှန်ပြန်တိုက်စစ်ပါ၊ အရေးကြီးပါတယ်။ အဲဒီမှာ လွဲမှားလာတာတွေ့လို့ ပြန်ပြင်ချင်ရင်လည်း ချက်ချင်းအကြောင်းကြားပါ။ ပြန်ပြင်ပေးပါမယ်။ စာမေးပွဲကာလ မတိုင်ခင်အထိ ပြင်ဆင်ခွင့်ပြု ထားပါတယ်''ဟု ဦးမျိုးညွန့်က ပြောသည်။ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို နှစ်စဉ် ဖေဖော်ဝါရီလအတွင်း ပြန်လည်ချထားပေးလေ့ရှိပြီး ယင်းကတ်ပြားများ၌ ဖြေဆိုသူအမည်၊ အဖအမည်၊ မွေးသက္ကရာဇ် စသည့်အချက်များကို မှန်ကန်စွာဖြည့်သွင်းရန် ညွှန် ကြားထားသော်လည်း ဖြည့်သွင်းသည့် အချက်အလက် လွဲမှားမှုများ ရှိနေခြင်းကြောင့် ထိုသို့ ပြန်လည်ပြင်ဆင် ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုမည့်သူများသည် မိမိတို့ဖြေဆိုမည့် စာစစ်ဌာန၏ သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများထံ၌ ထုတ်ယူရမည်ဖြစ်သည်။ တက္က သိုလ်ဝင် စာမေးပွဲအတွက် စာဖြေသူတင်သွင်း သော ဖြေဆိုခွင့်ကတ်ပြား၌ ဖော်ပြပါရှိသည့် ဘာသာတွဲအတိုင်းသာ ဖြေဆိုခွင့်ပြုမည်ဖြစ်ကာ တခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့် မရှိကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကတ်ပြားများကို စက်တင်ဘာ ၂၉ ရက် နောက် ဆုံးထား တင်သွင်းရ မည် ဖြစ်ကြောင်း သိရသည်။

Read 307 times Last modified on Thursday, 28 September 2017 10:04