SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

Early Dawn Microfinance ကုမ္ပဏီ DAWN ချေးငွေရယူသူ ဦးရေ တိုးမြှင့် ထုတ်ချေး ပေးနိုင်ရန် လျာထား

Thursday, 28 September 2017 09:56 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး အသေးစားငွေချေး လုပ်ငန်းတစ်ခုဖြစ်သည့် Early Dawn Microfinance ကုမ္ပဏီ (DAWN) ပြည်တွင်း၌ ချေးငွေဝန်ဆောင်မှု ရယူနေသူဦးရေကို တိုးမြှင့်ထုတ်ချေးပေးနိုင်ရန် လျာထားကြောင်း DAWN ၏ ဦးဆောင်အရာရှိချုပ် Mr.Gonzalo Gonzalez ထံမှသိရသည်။

''အမှီအခိုကင်းတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုအနေနဲ့ လျင်မြန်စွာ ပြောင်းလဲနေတဲ့ မြန်မာ့စီးပွားရေးကို ရင် ပေါင်တန်းနိုင်ဖို့ နည်းပညာတွေကို ဖန်တီးဖို့လိုပါတယ်။ အခုဆိုရင် အသေးစားစွန့်ဦး တီထွင်လုပ်ငန်း လုပ်ကိုင်သူဦးရေ တစ်သိန်းကျော်အတွက်လည်း ချေးငွေထုတ်ချေး ထားပြီးပါပြီ။ ရှေ့ ဆက်ပြီးတော့လည်း လူဦးရေ တစ်သန်းအထိ ထုတ်ချေးပေးနိုင်ဖို့ လျာထားပါတယ်'' ဟု DAWN ၏ ဦးဆောင် အရာရှိချုပ် Mr.Gonzalo Gonzalez ကပြောသည်။

DAWN ချေးငွေ ထုတ်ချေးရာတွင် ဝိုင်းကြီးချုပ် ပုံစံဖြင့် ငွေချေးပေးခြင်းဖြစ်ပြီး အာမခံပစ္စည်း ပေးရန်မလိုသော်လည်း အဖွဲ့လိုက် အာမခံပေးရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အသက် ၁၈ နှစ်မှ ၇ဝ အတွင်းရှိ စီးပွားရေးလုပ်ငန်း အတွေ့အကြုံ တစ်နှစ်ရှိပြီးသူ အမျိုးသမီးများကို ထုတ်ချေးပေးခြင်းဖြစ်သည်။ လက်ရှိထုတ်ချေးထားသည့် ငွေကြေး ပမာဏ မှာ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံဝန်းကျင်ရှိပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၃ဝ ဘီလီယံအထိ ထုတ်ချေးရန် ရည်မှန်းထားသည်။ ထို့ပြင် အမျိုးသားရော အမျိုးသမီးများပါ တစ်ဦးချင်း ထုတ်ချေးပေးမည့် ပရောဂျက်ကို ယခုနှစ် နှစ်မကုန်မီ ဆောင်ရွက်မည်ဖြစ်သည်။

DAWN အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့၌ ရုံးခွဲများဖွင့်လှစ်၍ ချေးငွေဝန်ဆောင်မှုများ ပေးနေပြီး နောက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့၌ ရုံးခွဲများဖွင့်လှစ်၍ ချေးေ ငွဝန်ဆောင်မှု ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Read 310 times Last modified on Thursday, 28 September 2017 10:04