SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ယခု ရက်ပိုင်းအတွင်း နိုင်ငံကူး လက်မှတ် ပြုလုပ်သူ များပြားလာ

Thursday, 28 September 2017 09:56 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ပြုလုပ်သူဦးရေသည် ယခုရက်အပိုင်းအတွင်း ၁၅ဝဝ ကျော်ဝန်းကျင်ရှိလာပြီး ပြုလုပ်သူ များပြားလာကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်။

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး အနေဖြင့် နိုင်ငံကူးလက်မှတ် အမျိုးအစား ကိုးမျိုးအထိ ထုတ်ပေးလျက်ရှိ နေပြီး ယင်းတို့မှာ Passport of Job ၊ Passport of Visit ၊ Passport of Business ၊ Dependent Passport၊ Religiours Passport ၊ Seaman Passport ၊ Student Passport ၊ Diplomatic Passport နှင့် Official Passport တို့ ဖြစ်ပြီး အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်ဟူ၍ အရောင်သုံးမျိုးဖြင့် ခွဲခြားထုတ်ပေးလျက်ရှိကာ နိုင်ငံကူးလက်မှတ် ပြုလုပ်သူဦးရေမှာ ယခင်ကထက် ထက်ဝက်ခန့် မြင့်တက်လျက်ရှိသည်။

ထိုင်းနိုင်ငံဘက်မှ ပြန်လည်စေလွှတ်သူ ဦးရေများလာသည့်အတွက် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ချိတ်ဆက်သွားလာ သူများမှာ ကုမ္ပဏီများဘက်မှ နိုင်ငံကူးလက်မှတ် ပြန်လည်လုပ်ပေးခြင်းလည်း ပါဝင်နေကြောင်း၊ ယခုနှစ်အတွင်း ပြည် ပနိုင်ငံများသို့ ပညာသင်သွားရောက်သူနှင့် အလုပ်လုပ်ကိုင်လိုသူ များပြားလာသည့် အတွက်လည်း နိုင်ငံကူးလက်မှတ် လုပ်ကိုင်သူ များပြားလာခြင်းလည်း ရှိကြောင်း၊ ပြောင်းရွှေ့ လုပ်ကိုင်သူများအတွက် နိုင်ငံကူးလက်မှတ် အမျိုးအစား ကိုးမျိုးအနက်မှ Passport of Job ပြုလုပ်သူ အများအပြားရှိသည့်အပြင် ထိုအထဲတွင်မှ အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း၊ စာရွက် လဲလှယ်ခြင်းတို့ကို ပြုလုပ်သူ များပြားလာကြောင်း သိရသည်။

နိုင်ငံကူး လက်မှတ်ပြုလုပ်ရာတွင် မသမာမှုများ ဖြစ်ပေါ်နေသည့်အတွက် နိုင်ငံကူးလက်မှတ်ရုံး စစ်ဆေးရေးကို ယခင်အချက်အလက်နှင့် လူကိုယ်တိုင် တိုက်ဆိုင်စစ်ဆေးခြင်းများအပြင် လက်ဆယ်ချောင်း လက်ဗွေယူ စနစ်များဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read 360 times Last modified on Thursday, 28 September 2017 10:05