SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာငါးရွာ အတွင်းသို့ ချောင်းရေ ဝင်ရောက်

Thursday, 28 September 2017 09:56 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်း စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီက မိုးရွာသွန်းမှုကြောင့် မြင်းကျချောင်းနှင့် ချောင်းကောက်ချောင်းတို့တွင် ရေလျှံကာ ဧကရာဇ်ကုန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာငါးရွာသို့ ရေများဝင်ရောက်သဖြင့် သီးနှံစိုက်ခင်းများနှင့် ကျေးရွာချင်းဆက်လမ်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီမှ စက်တင်ဘာ ၂၆ ရက် နံနက် ၂ နာရီခွဲအထိ မိုးရွာသွန်းမှုကြောင့် မြင်းကျ ချောင်းနှင့် ချောင်းကောက်ချောင်းတို့တွင် ရေလျှံခဲ့ခြင်းဖြစ်ပြီး အဆိုပါချောင်းတို့မှ လာသောရေများသည် ဧကရာဇ် ကုန်းအုပ်စု အတွင်းရှိ ဧကရာဇ်ကုန်းကျေးရွာ၊ ဘုမကုန်းကျေးရွာ၊ ရွာသစ်ေ ကျးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာနှင့် ရေ လည်ကွေ့ကျေးရွာတို့ အတွင်းသို့ ရေသုံးပေခန့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ''ရေဝင်ရောက်မှုကြောင့် တိရစ္ဆာန်တွေကို ရေလွတ်ရာနေရာကို ပြောင်းရွှေ့ထားရပါတယ်။ လူတွေကတော့ နှစ်ထပ်အိမ်ဆိုရင် အပေါ်ထပ်မှာ နေလို့ရပါတယ်။ မြေစိုက်အိမ်က လူတွေကေ တာ့ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တသွားနေရပါတယ်''ဟု ဇောင်ချမ်းကုန်းကျေးရွာနေသူ တစ်ဦးက ပြောသည်။

အဆိုပါ ချောင်းရေဝင်ရောက်မှုကြောင့် ဘုမကုန်း ကျေးရွာ၌ လူဦးရေ ၄၁၈ ဦး၊ ရွာသစ်ကျေးရွာ၌ ၃ဝ၅ ဦး၊ ဧကရာဇ် ကုန်းကျေးရွာ၌ ၃ဝဝ ဦး၊ ဇောင်ချမ်းကုန်းကျေးရွာ၌ ၁၉ဝ ဦး၊ ရေလည်ကွေ့ကျေးရွာ၌ ၄၅၆ ဦးတို့သည် ရေဘေးသင့် ခံစားနေရပြီး တောင်သူစိုက်ခင်းများဖြစ်သည့် မိုးစပါး၊ ငရုတ်၊ ပဲစင်းငုံ၊ ဝါစသည့် သီးနှံစိုက်ခင်းဧက ၂ဝဝ ခန့်မှာ ရေ နစ်မြုပ်မှုကြောင့် ပျက်စီးသည့်အပြင် ကျေးရွာချင်း ဆက်လမ်းမှာလည်း ရေတိုက်စားမှုကြောင့် ပျက်စီးရသည်။ သဘာဝဘေးအန္တရာယ် ဖြစ်ပွားနေသော ကျေးရွာများသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကိုနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူ များ၊ လူမှုရေး အသင်းအဖွဲ့များက သောက်သုံးရေ၊ အစားအစာရရှိရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

Read 303 times Last modified on Thursday, 28 September 2017 10:05