SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

Thursday, 28 September 2017 09:56 font size decrease font size decrease font size increase font size increase font size

မန္တလာဆေးရုံနှင့် ထိုင်းနိုင်ငံ ဝေ့ဌာနီ ဆေးရုံတို့အကြား ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ချမ်းအေးသာစံမြို့နယ် ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြားရှိ မန္တလာဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အရည်အသွေး မြင့်မားရေးနှင့် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန် ပြောကြားသည်။ ဆက်လက်၍ မန္တလေးဆေးရုံ ကြီးကြပ်မှု ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် ဝေ့ဌာနီဆေးရုံ Chief Medical Officer Dr.Paweena Srimanothip တို့က နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မန္တလာဆေးရုံ ဒါရိုက်တာ ဒေါက်တာ ဥဂ္ဂါကျော်နှင့် ဝေ့ဌာနီဆေးရုံမှ ဒါရိုက်တာ Mrs.Jaranya Hongsakornprasert တို့က ကျန်းမာရေး ပူး ပေါင်းဆောင်ရွက်မှု နား လည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး အပြန်အလှန် လဲလှယ်ကြသည်။

ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအရ မန္တလာဆေးရုံသို့ ဝေ့ဌာနီဆေးရုံမှ အထူးကု ဆရာဝန်ကြီးများ လာရောက်ပြီး ကိုယ်အင်္ဂါ အစားထိုး ခွဲစိတ်ကုသမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 314 times Last modified on Thursday, 28 September 2017 10:05