SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ငွေကျပ်သန်း ၃ဝဝ ကျော်ဖြင့် ရေတွင်းရေကန်များ တူးဖော် ဆောင်ရွက်မည်

Thursday, 28 September 2017 09:56 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် အတွင်းရှိ ကျေးရွာ ၂၉ ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေကျပ် သန်း ၃ဝဝ ကျော်ဖြင့် သောက်သုံးရေ အခက်အခဲ မရှိစေရန် ရေတွင်းရေကန်များကို တူးဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ခ ရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေဖြင့် ကျေး လက်ရေပေးရေး လုပ်ငန်းများကို ခရိုင်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာခုနစ်ရွာအတွက် တွင်းနက်ငါးတွင်းနှင့် ရေ ကန်နှစ်ကန်ကို ပန်းရွှေဝါကုမ္ပဏီက ငွေကျပ် ၇၄ ဒသမ ၅ဝ သန်းဖြင့် လည်းကောင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာရှစ်ရွာအတွက် လက်ရေတွင်းလေးတွင်း၊ ရေကန်နှစ် ကန်နှင့် အခြားတစ်ခုတို့ကို နှင်းရည်ဝင်း ကုမ္ပဏီက ငွေကျပ် ၅၇ ဒသမ ၇၈၆ သန်းဖြင့် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် သာစည်မြို့နယ်ရှိ ကျေးရွာလေးရွာကို ခွင့်ပြုငွေကျပ် ၅၉ ဒသမ ၇ဝ သန်းဖြင့် တွင်းနက်နှစ်တွင်း၊ စိမ့်စမ်းနှစ်ခု နှင့် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁ဝ ရွာအတွက် ခွင့်ပြုငွေကျပ် ၁၅၆ ဒသမ ၁ဝ သန်းဖြင့် တွင်းနက် ခုနစ်တွင်း၊ လက်ရေတွင်းသုံးတွင်း စုစုပေါင်းလုပ်ငန်း ၁၄ ခုကို June Four Co.,Ltd. က အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Read 311 times Last modified on Thursday, 28 September 2017 10:06