SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒက္ခိဏသီရိ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များ၌ သက်တမ်း ကုန်ဆုံးသော ဆေးဝါး ရောင်းချခြင်းရှိ မရှိ စစ်ဆေး

Thursday, 28 September 2017 09:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့မ ဈေးအတွင်းရှိ ဆေးဆိုင်များ၌ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါး များ၊ ဆေးဝါးအတုများ၊ စံမညီသော ဆေးဝါးအတုများ၊ သက်တမ်းကုန်ဆုံးသော ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး အတွက် ယမန်နေ့နံနက် ၁ဝ နာရီခွဲက စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် ဒက္ခိဏသီရိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးကျော်သီဟ၊ ဒက္ခိဏသီရိ မြို့မရဲစခန်း ဒုတိယ ရဲမှူးမြင့်စိုး၊ ဒက္ခိဏသီရိမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဈေးဌာန ဦးစီးအရာ ရှိ ဒေါ်သိမ့်သိမ့်စိုး၊ စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စော မာလာနွယ်၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါက်တာ ဝင်းလဲ့ဖြူ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒက္ခိဏသီရိမြို့မ ဈေးအတွင်းရှိ ဆေးဆိုင်များ၌ မှတ်ပုံတင်ထား ခြင်းမရှိသော ဆေးဝါး များ၊ ဆေးဝါးအတုများ၊ စံမညီသော ဆေးဝါးအတုများ၊ သက်တမ်းကုန်ဆုံးသော ဆေးဝါးများကို ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်များကို ဆေးဝါးအတုများ ရောင်းချခြင်း မပြုရန်နှင့် မိမိ ရောင်းချနေသည့် ဆေးဝါးများတွင်လည်း မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိလျှင်ေ သ်ာလည်းကောင်း၊ သုံးစွဲ နေသည့် ဆေးဝါးများ၏ အရည်အသွေးနှင့် ဆေးဝါးအတုဟု သံသယဖြစ်ဖွယ် တွေ့ရှိလျှင် သော်လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြားရန် ပညာပေးဆွေးနွေးကြောင်း သိရသည်။

Read 297 times Last modified on Thursday, 28 September 2017 10:06