SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အတွက် ဒုတိယအကြိမ် မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သား ခေါ်ယူမည်

Wednesday, 23 October 2019 10:30 font size decrease font size decrease font size increase font size increase font size

ဂျပန်နိုင်ငံအနေဖြင့်   ကျွမ်းကျင်လုပ်သားခေါ်ယူရန် ဒုတိယအကြိမ် ကျွမ်းကျင်လုပ်သား ခေါ်ယူမည့်     စာမေးပွဲမှာ သက်ကြီးရွယ်အို    စောင့်ရှောက်ရေး လုပ်ငန်း အမျိုးအစား အတွက်ဖြစ်ကြောင်း   ရန်ကုန်မြို့ရှိ Melia Hotel ၌ အောက်တိုဘာ  ၂၁ ရက်က ကျင်းပသည့်  အပြည်ပြည်ဆိုင်ရာ    အလုပ်သမား အဖွဲ့ချုပ်၏  နှစ်(၁ဝဝ) ပြည့် အခမ်းအနားမှ    သိရသည်။

ဂျပန်နိုင်ငံသည် လုပ်ငန်း ၁၄ မျိုးအတွက် မြန်မာနိုင်ငံ အပါအဝင်   နိုင်ငံခြားသား အလုပ်သမား ခေါ်ယူရေး   စနစ်သစ်ကို စတင်ကျင့်သုံးနေပြီး အောက်တိုဘာ ၂၇ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ခေါ်ယူမည့် ကျွမ်းကျင်လုပ်သား စာမေးပွဲဖြေဆိုမှုကို စတင်ဆောင်ရွက်မည် ဖြစ်သည်။

ဂျပန်နိုင်ငံရှိ    သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာ၌ လုပ်သားလိုအပ်ချက်   မြင့်မားနေသည့် အတွက် လုပ်သားခေါ်ယူရန် ကမ်းလှမ်းမှုများကြောင့် ဒုတိယအကြိမ် ကျွမ်းကျင်လုပ်သား ခေါ်ယူမည့်  စာမေးပွဲသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းအတွက် ခေါ်ယူခြင်းဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းအတွက်   သွားရောက် လုပ်ကိုင်နိုင်သည့်    မြန်မာအလုပ်သမားများလည်း အဆင်သင့် ရှိနေကြောင်း  သိရသည်။   

Read 30 times Last modified on Wednesday, 23 October 2019 10:32