SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

စာကြည့်တိုက် ဖောင်ဒေးရှင်း ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေး

Thursday, 28 September 2017 09:56 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်သံခန်းမ၌ ယမန် နေ့ နံနက် ၁ဝ နာရီက မြင်းခြံခရိုင် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းရည်က တွေ့ဆုံ ဆွေးနွေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ကော်မတီဝင် ဦးစန်းဝင်းမောင်က စာကြည့်တိုက်များ ရှင်သန်တိုးတက်လာစေရေးကို လည်းကောင်း၊ မြင်းခြံ၊ တောင်သာ၊ နွားထိုး ကြီး၊ ငါန်းဇွန်မြို့နယ်တို့ရှိ စာကြည့်တိုက်မှူးများက မိမိတို့ စာကြည့်တိုက်များတွင် နေ့စဉ်လုပ်ဆောင် နေမှုများ၊ ရင် ဆိုင်တွေ့ကြုံရသော အခက်အခဲများ၊ လစဉ်စာအုပ်စင် တင်နိုင်မှုများ အကြောင်းတို့ကို လည်းကောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ခရိုင်ဦးစီးအရာရှိ ဒေါ်နှင်းရည်က စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး၊ ကိုယ်ပိုင်မြေနေရာရရှိရေး၊ စာအုပ် စာစောင်များ တိုးပွားရေး နည်းလမ်းများ စသည်တို့ကို ပြန်လည်ရှင်းလင်း ပြောကြားသည်။ မြင်းခြံခရိုင် စာကြည့်တိုက် များဖောင်ဒေးရှင်း ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီး အရာရှိ ဒေါ်နှင်းရည်နှင့် ဝန်ထမ်းများ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်တို့မှ စာကြည့်တိုက်မှူးများ တက်ရောက် ဆွေးနွေးကြောင်း သိရသည်။

Read 273 times Last modified on Thursday, 28 September 2017 10:06