SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

စာပေ ချစ်သူများ၏ စာပေဆွေးနွေးပွဲ ကျင်းပ

Thursday, 28 September 2017 10:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ နေပြည်တော် စာပေစကားဝိုင်းအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စာပေချစ်သူများ၏ စာပေဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သန္တာလင်းက စာပေဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမောင်မောင်တာ (ခ)ဆရာ(သဘာဝ)က ကလေးသူငယ် ဥပဒေပါ ကေ လးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများ အကြောင်းကို လည်းကောင်း၊ ဆရာမျိုးမြင့် (မြန်မာစာ)က စာပေမှရရှိသည့် သုတ၊ရသများ အကြောင်းကို လည်းကောင်း၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်း ဇင်(ခ)ဆရာမဇင်က စာဖ တ်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများ အကြောင်းကို လည်းကောင်း ဆွေးနွေးပြော ကြားသည်။

ဆက်လက်၍ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းက စာပေဖတ်ရှုခြင်းဖြင့် လူ့ဘဝပြောင်းလဲနိုင်ခြင်း အကြောင်းကို လည်းကောင်း၊ နေပြည်တော်စာပေ စကားဝိုင်းမှ ကဗျာဆရာငြိမ်းလူက စာများများ ဖတ်ကြရန် လိုကြောင်းတို့ကို လ ည်းကောင်း အသီးသီး ဆွေးနွေးကြကြောင်း သိရသည်။

Read 345 times Last modified on Thursday, 28 September 2017 10:14