SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပြည်သူ့ ဆေးရုံကြီး၌ လူနာများ၏ သွေးလိုအပ်မှုကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ ဖြည့်ဆည်းပေး

Thursday, 28 September 2017 10:07 font size decrease font size decrease font size increase font size increase font size

ဘားအံမြို့ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးသည် ၁၉၅၄ ခုနှစ်မတိုင်မီက သထုံခရိုင် ဆေးပေးခန်းအဖြစ် စတင်တည် ထောင်ခဲ့ရာမှ ၁၉၅၉ ခုနှစ်တွင် ခုတင် ၁ဝဝဆံ့၊ ၂ဝ၁၂ ခုနှစ်တွင် ခုတင်၂ဝဝ ဆံ့သို့ အဆင့်တိုးမြှင့်ခဲ့ရာ လက်ရှိအခြေ အနေတွင် ကျန်းမာရေး ဝန်ဆောင်မှုများ ကောင်းမွန်ခြင်း၊ နိုင်ငံတော် အစိုးရက ဆေးဝါးများအခမဲ့ ထုတ်ပေးခြင်းနှင့် ပြည်သူလူထု၏ အားကိုးယုံကြည်မှု ရှိခြင်းတို့ကြောင့် နေ့စဉ်ပျမ်းမျှအတွင်း လူနာဦးရေမှာ ၃၅ဝ ဦးခန့်ရှိပြီး သွေးလို အပ်မှုအနေဖြင့် တစ်လလျှင် သွေးပုလင်း ၂၅ဝ မှ ၅ဝဝ ခန့်လိုအပ်လျက်ရှိကြောင်း သိရသည်။

''သွေးလိုအပ်မှုကို ရဲတပ်ဖွဲ့ကတော့တစ်လကို တစ်ကြိမ် ပုံမှန်သွေးလှူဒါန်း ပေးပါတယ်။ အယောက် ၃ဝ ကနေ ၅ဝ လောက်အထိ ပုံမှန်သွေးလှူဒါန်းပါတယ်။ အရေးပေါ် သွေးလိုအပ်တဲ့ လူနာတွေအတွက် သွေးလှူဘဏ်က သွေးလှူ ရှင်စာရင်းကိုကြည့်ပြီး လိုအပ်တဲ့ သွေးအမျိုးအစားအလိုက် အကူအညီ တောင်းရင် ရဲတပ်ဖွဲ့က နေ့ညအချိန်မရွေး လာရောက် သွေးလှူဒါန်း ပေးပါတယ်''ဟု ရောဂါဗေဒ ဆရာဝန် ဒေါက်တာ ဘုန်းမိုးဝင်းက ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ပြည်သူ့ဆေးရုံကြီး သုံးထပ်တိုးချဲ့လူနာဆောင်သစ်တွင် ကျင်းပသည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော သွေးလှူဒါန်းပွဲတွင် ပြောကြားသည်။ အဆိုပါ သွေးလှူဒါန်းပွဲတွင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက အေသွေး ၁၁ လုံး၊ ဘီသွေး ၁၇ လုံး၊ အေဘီသွေး ငါးလုံး၊ အိုသွေး ၂၄ လုံး စုစုပေါင်းသန့်စင် စစ်ဆေးပြီး သွေးလှူဘဏ်အတွက် အသားတင်သွေးပုလင်း ၅၇ လုံးကို လှူဒါန်းပေးကြောင်း သတင်း ရရှိသည်။

Read 347 times Last modified on Thursday, 28 September 2017 10:17