SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိုးရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ တံတားတစ်စင်း ပျက်စီး

Thursday, 28 September 2017 10:07 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် နမ့်ကုန်း ကျေးရွာအုပ်စု ပါဆန်းကျေးရွာနှင့် ခတ်တန် ကျေးရွာချင်းဆက် လမ်းပေါ်ရှိ သစ်သားတံတားမှာ ယမန်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးပြီး ရေနှင့်အတူ မျောပါသွားကြောင်း သိရသည်။

အဆိုပါတံတား ပျက်စီးသည့်နေရာသို့ မိုင်းဖြတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက် ဦးဆောင်သော အဖွဲ့မှ သွားရောက် ကြည့်ရှုပြီး ပျက်စီးသွားသော တံတားကို ပြန်လည်ပြင်ဆင် ရေးနှင့် အဆက်အသွယ် ပြတ်တောက်မှု မရှိစေရေးအတွက် စီစဉ်ေ ဆာင်ရွက်လျက်ရှိသည်။ အဆိုပါ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ သစ်သားတံတားကို ပါဆန်းကျေးရွာနှင့် ခတ်တန်ကျေးရွာမှ ကျေးရွာနေ ပြည်သူများ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 281 times Last modified on Thursday, 28 September 2017 10:17