SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အသည်းရောင် အသားဝါ သိကောင်းစရာ ဟောပြော

Thursday, 28 September 2017 10:07 font size decrease font size decrease font size increase font size increase font size

အသည်းရောင် အသားဝါ ရောဂါအကြောင်း သိကောင်းစရာများကို ဂုဏ်ထူးဆောင် ပါမောက္ခ အသည်းအထူးကုဌာန အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ဟောပြောရာ ကျန်းမာရေး အသိပညာ လိုလားသူများ လာရောက်နားထောင်ကြောင်း သိရသည်။

ဟောပြောပွဲတွင် တာဝန်ရှိသူတစ်ဦးက ဂုဏ်ထူးဆောင် ပါမောက္ခ အသည်းအထူးကုဌာန အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဝင်း၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားသည်။ ဆက်လက်၍ အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဝင်းက ''ဘီပိုးနဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့ အယူအဆ ကတော့ ဘီပိုးရှိရင် တစ်သက်လုံး ကုလို့မရတော့ဘူးလို့ ပြောကြတယ်။ ခုခေတ်မှာ ဘီပိုးကို လုံးဝပျောက်ကင်းအောင် သေစေတဲ့၊ ကုတဲ့ဆေးတွေ အများကြီး ပေါ်နေပြီ။ လုံးဝပျောက်အောင် ကုလို့ရနေပါပြီဆိုတာ ပြောချင်ပါတယ်။ နောက်ပြီးတော့ အသည်းရောင်စီပိုးအတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ ကာကွယ်ဖို့အတွက် မသန့်တဲ့ သွေးမသွင်းမိဖို့နဲ့ စီပိုးရှိသူသွေးနဲ့ ထိတွေ့ခြင်း မပြုမိရန်၊ မသန့်တဲ့ကိရိယာတွေနဲ့ မလုပ်မိစေဖို့၊ အရေပြားမဖောက်ဖို့၊ ဆေးမင်ကြောင်မထိုးဖို့ ဖြစ်ပါတယ်၊ ကာကွယ်ဆေးမရှိ သေးပေမယ့်လည်း စီပိုးသေဆေး DAA ပေါ်နေပြီဖြစ်ပါတယ်''ဟု ရှင်းလင်းဟောပြောသည်။

အဆိုပါ အသည်းရောင် အသားဝါရောဂါကို တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ရေနှင့်အစားအသောက် သန့်ရှင်းမှု၊ သွေးနှင့် ဆေးရုံ၊ ဆေးခန်းသုံးပစ္စည်းများ ပိုးသန့်စင်မှုတို့ဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။

Read 301 times Last modified on Thursday, 28 September 2017 10:17