SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

Thursday, 28 September 2017 10:07 font size decrease font size decrease font size increase font size increase font size

နော်ဝေအခြေစိုက် လူမှုကူညီရေး အဖွဲ့နှင့် ကျောက်ကြီးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ရုံးမှတာဝန်ရှိသူများသည် အသက် ၉ဝ ကျော် အဘိုး၊ အဘွားများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသရှိ အသက် ၉ဝ ကျော်အဘိုး၊ အဘွားများ၏ ပျောက်ဆုံးနေသော နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ပြန်လည် ပြုလုပ်ပေးသည်။ ထို့ နောက် ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အခြေခံပညာ အထက်တန်းေ ကျာင်း(ခွဲ) သို့သွားရောက်၍ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူး ဦးညီဇော်ဌေးက နိုင်ငံသား စိစစ်ရေးကတ်မှ အချက်အလက်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာမှတ်သားရန်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် မိမိဘဝအတွက် အရေးပါပုံများ ရှင်းလင်းပြောကြား သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အဆင် ပြေလွယ်ကူစွာ ပြီးမြောက်နိုင်ရေးအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်နှင့် ပဲခူးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်တို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read 289 times Last modified on Thursday, 28 September 2017 10:18