SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သဘာဝ ဆိုးဆေး သင်တန်း ဆင်းပွဲ ကျင်းပ

Thursday, 28 September 2017 10:06 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် သဘာဝ ဆိုးဆေးသင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် အဆိုပါ သင်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကချင်ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးအောင်မောင်းက ပြည်ပ နိုင်ငံများမှ အထည်အမျိုးမျိုး၊ အရောင်အသွေး အမျိုးမျိုးနှင့် ဈေးနှုန်းချိုသာစွာ ဝင်ရောက်ရောင်းချမှုများ ရှိသော်လည်း ပြည်တွင်းဖြစ် ရိုးရာအဝတ်အထည်များ ရက်လုပ်ဝတ်ဆင်မှုများ ရှိနေေ သးကြောင်း၊ ယခုသင်တန်းတွင် သင်ကြားမှုများမှာ သဘာဝ အသီးအနှံများမှ ထုတ်လုပ်သည့် ဆိုးဆေးများဖြစ်ပြီး ဘေးဥပဒ် အန္တရာယ် မရှိသဖြင့် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင်လည်း အထူးပင်သင့်လျော်ကောင်းမွန်ပြီး ဆက်လက်၍လည်း လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ကာ ဆည်းပူးလေ့လာ သွား ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးက သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုရ သင်တန်းသူသုံးဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ အဆိုပါ သင်တန်းကို စက်တင်ဘာ ၂၁ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ဖွင့်လှစ်ကာ သင်တန်းနည်းပြ ဒေါ်ခင်မြင့်က သဘာဝ ဆိုးဆေးတွင် ဖော်စပ်သည့် မန်ကျည်းခေါက်၊ ဖန်ခါးသီးခြောက်၊ ဆီးဖြူသီးခြောက်၊ ကြောင်လျှာခေါက်၊ ထမင်းဝါပွင့်၊ ရှားစေး၊ လက်ဖက် ခြောက် စသည်တို့အား အသုံးပြု၍ရရှိသည့် ဆေးရောင်များကို ဒေသထွက်ဝါချည်တွင် ဆေးရောင်ဆိုးခြင်း သင်ကြား ပေးခဲ့ကာ သင်တန်းသူ ၂ဝ ဦးတက်ရောက် သင်ကြားကြောင်း သိရသည်။

Read 449 times Last modified on Thursday, 28 September 2017 10:18