SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဗန်းမော်မြို့၌ ဝါးအခြေခံ ရက်လုပ်နည်း သင်တန်းဆင်း

Thursday, 28 September 2017 10:20 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး အတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ ရက်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအ နားကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက ဖွင့်လှစ်ခဲ့သည့် ဝါးအခြေခံ ရက်လုပ်နည်း သင်တန်းမှ သင်ယူတတ်မြောက်သွားသော သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် မိမိတို့ အတတ်ပညာဖြင့် မိသားစု ဝင်ငွေအတွက် သာမက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းအကောင်အထည် ဖော်ဆောင်သွားရန် ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက သင်တန်း နည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေပေးအပ်ပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ် ရေးမှူး ဦးထွေးမြင့်က သင် တန်းသား စံပြထူးချွန်ဆု ပေးအပ်သည်။

ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုး တို့က သင်တန်းဆင်း လက်မှတ်ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၁၅ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၁၅ ရက်ကြာမြင့်ကြောင်း သိရသည်။

Read 399 times Last modified on Thursday, 28 September 2017 10:23