SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

Thursday, 28 September 2017 10:20 font size decrease font size decrease font size increase font size increase font size

မျိုးကောင်းမျိုးသန့်ကို တောင်သူများ အလွယ်တကူ ရရှိစိုက်ပျိုးနိုင်ရန်နှင့် ဒေသလယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု မြင့်မားလာစေရန် ရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ဇင် ကျေးရွာအုပ်စု ကွင်းအမှတ် (၁၁၉၂) အတွင်းရှိ လယ်မြေ ၃၅၄ ဧက၌ မိုးစပါး၊ ကုလားပဲ၊ မတ်ပဲ၊ နွေနှမ်း စိုက်ပျိုးမည့် တောင်သူ ၁ဝ၅ ဦးကို ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးမြို့ နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

''ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနက စပါးမျိုးကောင်းမျိုးသန့်တွေ ဖြန့်ဖြူးပေးခြင်း၊ မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးခြင်း၊ မြေဆီလွှာဖွံ့ဖြိုး တိုး တက်ရေး လုပ်ငန်းတွေ၊ တောင်သူပညာပေး လုပ်ငန်းတွေကို ဆောင် ရွက်ပေးပါတယ်။ ဒါ့ပြင် မိုးရာသီ စပါးမျိုးစေ့ ထုတ်လုပ်ငန်းကို တောင်သူသုံးဦး၏ လယ်မြေဧက၂ဝ တွင် လျာထားဆောင်ရွက်ခဲ့ပါတယ်''ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။ ယခုနှစ် မင်းဘူး(စကု)မြို့နယ်၌ မိုးသီးနှံလျာထားချက်မှာ ၂၇၅၄၂၇ ဧကဖြစ်ပြီး စိုက်ပျိုးပြီးစီးမှုမှာ ဧက ၂ဝ၈၈၇၄ ဖြစ်ကာ ဧက ၆၆၅၅၃ လျော့နည်းစိုက်ပျိုးခဲ့သည်။

လျော့နည်း စိုက်ပျိုးခဲ့သောသီးနှံမှာ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲကြီး၊ အခြားပဲ၊ မိုးနေကြာ၊ ဝါနှင့် ပြောင်းတို့ဖြစ်ပြီး ပဲမျိုးစုံသီးနှံ စိုက်ဧက လျော့နည်းရခြင်းမှာ ဈေးကွက်ဝယ်လိုအား အခြေအနေနှင့် ပဲဈေးနှုန်းများ ကျဆင်းနေသောကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် အချို့စိုက်ပျိုး တောင်သူများ အနေဖြင့် မိုးများမှုနှင့် ဧရာဝ တီမြစ်ရေ မြင့်တက်မှုကြောင့် သီးနှံစိုက်ခင်း အချို့ပျက်စီးခဲ့ရကြောင်း သိရသည်။

Read 437 times Last modified on Thursday, 28 September 2017 10:23