SJ WorldNews - шаблон joomla Авто

လျှပ်စစ်မီးအပြည့်အဝရရှိရေး လည်ငေါက်ဓာတ်အားခွဲရုံကို အဆင့်မြှင့် တင်သွားမည်

Thursday, 28 September 2017 10:49 font size decrease font size decrease font size increase font size increase font size

ယင်းမာပင် စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင်ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာ ဓာတ်အားခွဲ ရုံတွင်

လက်ရှိတပ်ဆင်ထားသော ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ထရန်စဖော်မာ နေရာတွင် ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေထရန်စဖော်မာနှင့်ဆက်စပ်ပစ္စည်းများကို အောက်တိုဘာ ပထမပတ်တွင် အပြီးပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်းစစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

''တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ လျှပ်စစ်မီး အသုံးပြုသူတွေများလာတာကြောင့် လက်ရှိ တပ်ဆင်ထားတဲ့ ထရန်စဖော်မာတွေနဲ့ မလုံလောက်တဲ့ အတွက် တိုးချဲ့ တပ်ဆင်ခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာပါ။

လည်ငေါက်ဓာတ်အားခွဲရုံက ထရန်စဖော်မာက ဝန်အားပြည့်ပြီး မနိုင်တော့တဲ့အတွက် ထရန်စဖော်မာကို ပြောင်းလဲတပ်ဆင်ပေးသွားမှာပါ'' ဟု တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးမှ တာဝန်ရှိ သူ တစ်ဦးကပြောသည်။

ယင်းမာပင်မြို့နယ်လည်ငေါက်ဓာတ်အားခွဲ ရုံမှ ယင်းမာပင်၊ ပုလဲ၊ ကနီနှင့် ဆားလင်းကြီးမြို့နယ်များရှိ ကျေးရွာများသို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိရာ ဓာတ်အားလုံလောက် စွာဖြန့်ဝေပေးနိုင်ခြင်း မရှိသဖြင့်၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ ထရန်စဖော်မာကို အဆင့်မြှင့်တင်တပ်ဆင်ပေးသွားမည်ဖြစ်ရာ အဆိုပါထရန် စဖော်မာတပ်ဆင်ပြီး စီးပါက လျှပ်စစ် ဓာတ်အားကို အပြည့် အဝပို့ လွှတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Read 454 times Last modified on Thursday, 28 September 2017 10:54