SJ WorldNews - шаблон joomla Авто

မဟာစေတီလှဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာနဂါးအကကို ကျေးရွာနှစ်ရွာမှ ပါဝင်ကပြမည်

Thursday, 28 September 2017 10:56 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၏ သမိုင်းဝင် ဘုရားဖြစ်သော သာစည်ကျေးရွာရှိ မဟာစေတီလှဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင်

 နှစ်စဉ်ရိုးရာမပျက် မြန်မာ့ရိုးရာနဂါး အကများထည့်သွင်း ကျင်းပလျက်ရှိရာ ယခုနှစ်တွင် အရာတော်မြို့နယ်မှ သစ်ကျင်းကြီးကျေးရွာနှင့် ညောင်ထူးကျေးရွာတို့မှ ပါဝင် ကပြသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာစေတီလှဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် နဂါးရိုးရာအကကို လွန်ခဲ့သော နှစ် ၃ဝ ခန့်က ကျေးရွာ ငါးရွာမှ ပါဝင်ကပြခဲ့သော်လည်း နောက်ပိုင်းတွင် ညောင်ထူးကျေးရွာ တစ်ရွာသာ ပါဝင်ကပြခဲ့ သည်မှာငါးနှစ်ခန့်ရှိခဲ့ပြီး ယခုနှစ်တွင်သစ်ကျင်းကြီးကျေးရွာမှပြန်လည်ပါဝင်ကပြမည်ဖြစ်သည်။

''မြန်မာ့ရိုးရာနဂါးအကကို ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပတိုင်း ပါဝင်ကပြပါတယ်။ အခုမြန်မာ့ရိုးရာနဂါးအက ကတော့ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ ကျေးရွာတွေမှာ အခုအချိန် ဆို နဂါးအကလေ့ ကျင့် ရင်းနဲ့ ရွာထဲလှည့်ပြီး အလှူခံကြတယ်။ အလှူခံရတဲ့အလှူငွေတွေ၊ ကျေးရွာသူ၊ ကျေးရွာသားတွေစုပေါင်းထည့်ဝင်တဲ့ အလှူငွေတွေနဲ့သီတင်း ကျွတ်လပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်မှာ လာပြီး ကပြရင်း အလှူငွေတွေကို ဘုရားကြီးမှာလှူဒါန်းကြတယ်။ နဂါးအကက ကျေးရွာလူငယ်တွေ ကျန်းမာသန်စွမ်းပြီး စည်လုံးညီညွတ်ကြတယ်။ နောက်ပြီး မိမိတို့ကျေးရွာမှာ မိုးလေဝသကောင်းမွန်ပြီး စိုက်ရေး ပျိုးရေးများ အဆင်ပြေစေဖို့ ယုံကြည်ချက်နဲ့ ကပြတယ်လို့ ရှေးကတည်းက အဆို ရှိတဲ့အတွက်စဉ်ဆက်မပြတ်ကကြတာပါ''ဟု သစ်ကျင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုး လွင် ကပြောသည်။ မဟာစေတီလှဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်သို့ မုံရွာ၊ အရာတော်နှင့် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများလာရောက်ကြကြောင်း သိရသည်

Read 416 times Last modified on Thursday, 28 September 2017 10:58