SJ WorldNews - шаблон joomla Авто

ချောင်းရေတိုက်စားမှုကြောင့် မြောက်စည်းကျေးရွာရှိ ကျောက်စီမြေထိန်းနံရံ ကျိုးပဲ့ ပျက်စီး

Thursday, 28 September 2017 11:00 font size decrease font size decrease font size increase font size increase font size

ကလေး စက်တင်ဘာ ၂၇

စစ်ကိုင်း တိုင်းဒေသကြီး ကလေးခရိုင်ကလေးမြို့နယ် မြောက်စည်းကျေးရွာရှိကျောက်စီမြေထိန်းနံရံမှာ စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းပြီး

ချောင်းရေတိုက်စားမှုကြောင့်အရှည် ၆၃၈ ပေကျိုးပဲ့ပျက်စီးခဲ့သည်။ အဆိုပါ ကျိုးပဲ့ ပျက်စီးသွားသည့် ကျောက်စီမြေထိန်း နံရံကို သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။ မြောက်စည်း ကျေးရွာသည် နန်းကသဲချောင်းဘေးတွင် တည်ရှိသဖြင့် မိုးရာသီကာလရောက်တိုင်း ကျေးရွာအနီး ချောင်းကမ်းပါးကို ရေတိုက်စားခြင်းကြောင့် ရေ အရင်း အမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၁၃၉ သန်း အကုန်အကျခံ၍ အလျား ၈၄ဝ ပေနှင့် အမြင့် ၉ ပေဖြင့်၂ဝ၁၇  ခုနှစ် ဖေဖော် ဝါရီ ၅ ရက်မှ စတင်တည်ဆောက်ခဲ့ရာ ယခုနှစ် မေ ၁၇ ရက်တွင် လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးသည့်မြေထိန်းနံရံဖြစ်ကြောင်း သိရသည်။

Read 408 times