SJ WorldNews - шаблон joomla Авто

ဥက္ကလာပစေတီ၌ အဘိဓမ္မာအခါတော်နေ့ ဆွမ်းတော်ကြီး ကပ်လှူပွဲနှင့် ဆီမီးပူဇော်ပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

Thursday, 28 September 2017 11:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်ရှိ   ဥက္ကလာပစေတီတော်၊ ရှေးဟောင်း ခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီတို့၌ (၂၈)  ကြိမ်မြောက်  သီတင်းကျွတ်ပွဲတော်ကို  စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်း ဥက္ကလာပ စေတီဂေါပကအဖွဲ့  ထံမှသိရသည်။

အဆိုပါ သီတင်းကျွတ်ပွဲတော်ကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၇ ရက်အထိ  အဘိဓမ္မာ အခါတော်နေ့ အခမ်းအနား၊ ဆွမ်းတော်ကြီးကပ်လှူ ပူဇော်ပွဲ၊ ဆီမီး ပူဇော်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပမည် ဖြစ်သည်။

ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲအတွက် အလှူရှင်များထံမှ  ဆွမ်းတော်ပွဲများကို အောက်တိုဘာလ ၄ ရက် (သီတင်းကျွတ် လဆန်း ၁၄ ရက်) ညနေပိုင်းမှစ၍ ဥက္ကလာပ စေတီရင်ပြင်တော်ပေါ်ရှိ  အာရုံခံ တန်ဆောင်းများတွင် လက်ခံမည်ဖြစ်ပြီး အောက်တိုဘာလ ၅ ရက် (သီတင်းကျွတ်လပြည့်နေ့) အရုဏ် တက်ချိန် နံနက် ၄ နာရီခွဲတွင် ဆွမ်းတော်ကြီး   ကပ်လှူပူဇော်ပွဲကို     ကျင်းပမည်ဖြစ်သည်။

ထို့နောက်  အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို နံနက် ၆ နာရီတွင် မဟာမုနိ ဓမ္မာရုံကြီး၌ ကျင်းပပြီး ည  ၇ နာရီတွင် ဥက္ကလာပစေတီတော်၊   ရှေးဟောင်းခုနှစ်ဆူ ဘုရားနှင့်   အောင်တော်မူစေတီ တို့တွင် ဆီမီးပူဇော်ပွဲကို   စည်ကားသိုက်မြိုက်စွာ  ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း စားသောက်ဆိုင်များ လူအသုံးအဆောင်ပစ္စည်း အရောင်းဆိုင်များ၊ အပျော်စီးရဟတ်များနှင့်  ကလေးကစားနည်းများ ပါဝင်ကြောင်း သိရသည်။

Read 377 times Last modified on Thursday, 28 September 2017 11:56